DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင်း မြန်မာ-ကန် ရှေ့ဆက်မည့်ခြေလှမ်း အနာဂတ် ဆွေးနွေးပွဲ ကျင်းပမည်
DVB
·
September 11, 2016
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်တွင်း မြန်မာ-ကန် ရှေ့ဆက်မည့်ခြေလှမ်း အနာဂတ် ဆွေးနွေးပွဲ ကျင်းပမည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၆ ရက်ကြာခရီးစဉ်အတွင်း  မြန်မာနဲ့ အမေရိကန်တို့ရဲ့ ရှေ့ဆက်မယ့်ခြေလှမ်း အနာဂတ်ဆွေးနွေးပွဲတရပ်ကို လာမည် စက်တင်ဘာ ၁၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Centre for Strategic and International Studies က ကြီးမှူးကျင်းပမယ့် ဒီဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု မြို့တော် ၀ါရှင်တန်ဒီစီမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံအပေါ် ထားတဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွေအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရခိုင်ပြည်က လူမျိုးရေး ပဋိပက္ခတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိပါတယ်။
စီးပွားရေး ဆွေးနွေးမှု ကဏ္ဍမှာတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဦးဘိုဘိုငယ်၊ နာမည်ကြီးလုပ်ငန်းရှင်တဦးဖြစ်တဲ့ အက်ဖ်အမ်အိုင်အုပ်စုရဲ့ဥက္ကဋ္ဌ ဦးသိမ်းဝေ (ခေါ်) Serge Pun၊ Inle Advisory Group ကို တည်ထောင်သူလည်းဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိဟောင်းလည်းဖြစ်သူ အဲရင်မာဖီးလ်(Erin Murphy)တို့က ဆွေးနွေးကြမှာ ဖြစ်ပြီး၊ သမ္မတအိုဘားမားရဲ့ အကြံပေး ဘင် ရိုဒက်စ်(Ben Rhodes)၊ စီအက်စ်အိုင်အက်စ်(CSIS)အရှေ့တောင်အာရှပရိုဂရမ် အကြီးတန်းအကြံပေးနဲ့ ဒါရိုက်တာ အမန် ဆီးလ်ရိုက်(Amy Searight)တို့က အဖွင့်အမှာစကား ပြောကြားကြမှာ ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးမှုမှာတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ သံအမတ်ကြီးဟောင်း ဒဲရစ် မစ်ချယ်လ်(Derek Mitchell) သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ အကြံပေး မြန်မာအီးဂရက် (Myanmar Egress)မှ ဦးကျော်ရင်လှိုင်၊ နီကိုင်းအ် အာရှ ရီဗျူးစ်(Nikkei Asian Review) အယ်ဒီတာ ဖြစ်တဲ့ ဂွယ် ရော်ဘင်ဆင်(Gwen Robinson)တို့က ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၁၆ ရက်ကြာ ဗြိတိန်နဲ့ အမေရိကန်ခရီးစဉ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက် နေ့က စတင်ခဲ့ပြီး ဒီခရီးစဉ်ကနေ နိုင်ငံတကာရဲ့ ၀ိုင်းဝန်းကူညီပံပိုးမှုတွေ အားကောင်းလာနိုင်သလို အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတချို့ဟာ စိန်ခေါ်ချက် တခု ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013