DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်
DVB
·
September 11, 2016
ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်
1 / 5
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ကို စက်တင်ဘာ ၁၀ ရက် ဒေသစံတော်ချိန် ည ၈ နာရီခန့်မှာ ရောက်ရှိသွားပြီလို့ နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လန်ဒန်မြို့ Mayfair အရပ်က ဒေါ်ချက်စတာ ဟိုတယ်မှာ ခေတ္တ တည်းခိုလျှက် ရှိပြီး အဲ့ဒီ ဟိုတယ်မှာ ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ရောက်တုန်းက တည်းခိုဖူးတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့တဲ့ အခန်းကို ဒေါ်အောင်ဆန်းစုကြည်အတွက် ပြန်လည် စီစဉ် ပေးထားတယ်လို့ ဟိုတယ် တာဝန်ရှိသူတွေက ပြောကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းအရ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာ ဗြိတိန်ဆိုင်ရာမြန်မာသံအမတ် အပါအ၀င် ဥရောပနိုင်ငံတွေက မြန်မာသံအမတ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ၊ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိပြီး အင်္ဂါနေ့မှာ ဗြိတိန်ကနေ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သီတင်းနှစ်ပတ်ကျေ်ကြာ ဗြိတိန်နဲ့ အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်သမ္မတအိုဘားမား၊ ဗြိတိန်ဝန်ကြီးချုပ် ထရီစာမေ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013