DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံရှိစေတီ ၅၇ ဆူကို ၀င်ရောက်ရန် တားမြစ်
DVB
·
September 10, 2016
ငလျင်ကြောင့် ပျက်စီးသွားသည့် ပုဂံရှိစေတီ ၅၇ ဆူကို ၀င်ရောက်ရန် တားမြစ်
Donate to DVB

ငလျင်ဒဏ်ကြောင့်ပျက်စီးသွားတဲ့ ပုဂံရှိ ဘုရားစေတီပုထိုးပေါင်း ၄၄၉ ဆူရှိပြီး ၅၇ ဆူကတော့ အန္တရာယ်ရှိလို့ ၀င်ရောက်ခြင်းမပြုဖို့ တားမြစ်ထားရတယ်လို့ သာသနာနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီထဲ ပုဂံကနာမည်ကြီး သဗေညုဘုရားနဲ့ စူဌာမဏိစေတီတို့ ပါဝင်ပြီး ထိခိုက်ပျက်စီးမှု များတယ်လို့ ပုဂံရှေးဟောင်းသုတေသနဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ခ်ျစတာစကေး ၆.၈ ပြင်းအားရှိငလျင်ကြောင့် ပုဂုံဒေသက  စူဠာမဏိ၊ လောကနန္ဒာ၊ မြစေတီ၊ ဓမ္မရံကြီး၊ ထီး လိုမင်းလိုစတဲ့  ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းစတီပုထိုးတွေ ထိခိုက်ပျက်စီး သွားခဲ့တာဖြစ်ပါတယ်။

အကျယ်အ၀န်း ၇၈ စတုရန်းကီလိုမီတာရှိတဲ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းမှာ  စေတီဘုရားပေါင်း ၁၇၄၅ ဆူ၊ အုတ်ကျောင်းပေါင်း ၄၃၁ ဆူ၊ ဥမင်၊ သိမ်ကျောင်းအဆောက်အဦ ပေါင်း ၅၄ ဆူ၊ တူးဖော်ရန်ကျန်တဲ့  စေတီဘုရား ၈၉၂ ဆူ စုစုပေါင်းဘုရား၊ စေတီ ပုထိုး ၃၁၁၂ ဆူ တည်ရှိတယ်လို့ အစိုးရတရားဝင်ထုတ်ပြန်တဲ့ မှတ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

ဒါ့အပြင် ရှေးဟောင်းသမိုင်းဝင် နန်းတော်ရာ ၅ ခုဖြစ်တဲ့ ယုန်လွှတ်ကျွန်းနန်းတော်ရာ၊ ကျောက်တံခါးကြီးနန်းတော်ရာ၊ သီရိပစ္စယံနန်းတော်ရာ၊ တမ္ပ၀တီ နန်းတော်ရာနဲ့ ပျဉ်ပြားမင်း နန်းတော်ရာတို့လည်း တည်ရှိပြီး ရှေးဟောင်းသုတေသနနဲ့  အမျိုးသားပြတိုက်ဦးစီးဌာနက ဇုန် ၃ ဇုန် ခွဲခြားပြီး  ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013