DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက်တွင် ကလေးစစ်သား ၅၅ ဦး ပထမဆုံးအကြိမ် စစ်တပ်က နုတ်ထွက်ခွင့်ပြု
DVB
·
September 10, 2016
အစိုးရသစ်လက်ထက်တွင် ကလေးစစ်သား ၅၅ ဦး ပထမဆုံးအကြိမ် စစ်တပ်က နုတ်ထွက်ခွင့်ပြု
Donate to DVB

အစိုးရသစ်လက်ထက်မှာ ကလေးစစ်သား ၅၅ ယောက်ကို မနေ့က ပထမဆုံးအကြိမ် စစ်တပ်က နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ယူနီဆက်ဖ်မြန်မာက သတင်းထုတ်ပါတယ်။

စစ်တပ်မှ ကလေးစစ်သား စုဆောင်းအသုံးပြုမှု ကာကွယ်ရပ်တန့်ဖို့အတွက် ၂၀၁၂ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံချက်ကို အကောင်အထည်ဖော် လုပ်ဆောင်မှုအရ မြန်မာ့တပ်မတော်မှ လူငယ်နှင့် ကလေး ၅၅ ဦးကို စက်တင်ဘာလ ၉ ရက်နေ့ လွှတ်ပေးခဲ့ပါတယ်။

အစိုးရသစ် အာဏာလွှဲပြောင်းယူခဲ့တဲ့ ၂၀၁၆ ဧပြီလက စပြီး ပထဦးဆုံးအကြိမ် လုပ်ဆောင်ချက်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကာလအတွင်းနှင့် လက်နက်ကိုင် ပဋိပက္ခ အခြေအနေအတွင်း ကလေးတွေကို ကာကွယ်စောင့်ရှောက်မှု အရေးကြီးကြောင်း အခိုင်အမာ ပြသတဲ့အနေနဲ့  ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအပြီး တစ်ပတ်အကြာမှာ  လွှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊အစိုးရနဲ့ ယူနီဆက်ဖ်တို့  ပူးပေါင်းဆောင်ရွက်မှု စီမံချက် စတင်တဲ့အချိန်ကစလို့ အခုထိ မြန်မာ့တပ်မတော်က ကလေးစစ်သား ၈၀၀ အား လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကလေးစစ်သားများအား လွှတ်ပေးခြင်းဟာ ဝင်ငွေရရှိတဲ့ လုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းနဲ့အတူ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်း သင်တန်းများ တက်ရောက်နိုင်ရန်၊ သူတို့ရဲ့ ဘဝတွေငို မိသားစုနဲ့ ပြန်လည်စတင်နိုင်ဖို့အတွက် ကူညီထောက်ပံ့ပေးတဲ့ လူမှုစီးပွားရေး ပြန်လည် ထူထောင်ရေး အစီအစဉ်တွေကို စတင်လုပ်ဆောင်ဖို့အတွက် အကျိုးများတယ်လို့ ယူနီဆက်ဖ်က ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက်လုပ်ဆောင်နေချိန်မှာ ကလေးစစ်သား စုဆောင်း အသုံးပြုတာကို လုံးဝရပ်တန့်ဖို့ ချက်ခြင်းလုပ်ဆောင်သင့်တယ်လို့လည်း အဖွဲ့က အကြံပြုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013