DVB Logo
Home
မြန်မာသတင်း
ကောင်းကင်ကြိုးကေဘယ်ကားထဲ ပိတ်မိနေသည့် လူ ၃၃ ဦးကို ကယ်ထုတ် (ရုပ်သံ)
DVB
·
September 10, 2016
ကောင်းကင်ကြိုးကေဘယ်ကားထဲ ပိတ်မိနေသည့် လူ ၃၃ ဦးကို ကယ်ထုတ် (ရုပ်သံ)
Donate to DVB

ပြင်သစ်နိုင်ငံက မောင့်ဘလောင့်တောင်ပေါ် ရေခဲမြစ်တွေပေါ်ကနေ သွယ်တန်းထားတဲ့ ကောင်းကင်ကြိုး ကေဘယ်ကားတွေ ယိုယွင်းခဲ့လို့ မီတာ ၃ ထောင်ကျော် အမြင့်မှာ ပိတ်မိနေတဲ့ လူ ၃၃ ယောက်ကို သောကြာနေ့မနက်က ဘေးကင်းကင်း ကယ်ထုတ် နိုင်ခဲ့ပါတယ်။

တွဲလောင်းကျနေတဲ့ ကြိုးတွေကိုလဲ ပြန်ပြင်ပြီးပြီလို့ လုပ်ငန်းလည်ပတ်သူက ပြောပါတယ်။

ကြာသပတေးနေ့ညနေ ငါးနာရီခွဲက စက်ရပ်သွားအပြီး ကားတွေပေါ်မှာ သောင်တင် နေတဲ့ လူတွေကို ကယ်ဆယ်ရေးသမားတွေက သောကြာနေ့မနက် လင်းလင်းချင်း စကယ်ခဲ့တာပါ။

တောင်ထိပ် ၂ ခုကြား ၅ကီလိုမီတာခရီးကို သွယ်တန်းထားတဲ့ ကေဘယ်ကားတွေပေါ်မှာ လူအယောက် ၁၁၀ ကျော် ပိတ်မိနေခဲ့တာပါ။

လုပ်ငန်းလည်ပတ်သူ ကုမ္ပဏီက မတော်တဆမှုအတွက် အကြောင်းပြချက် မပေးပါဘူး။

လုပ်ငန်းစနစ် အနှောင့်အယှက်ကြောင့် ရပ်သွားနိုင်သလို လေပြင်းကြောင့်လည်း ကေဘယ်ကြိုးတွေ ပြတ်ကျတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အဲ့လ်ပ်စ် တောင်တန်းရဲ့ အမြင့်ဆုံးတောင်ပေါ်မှာ ညမိုးမချုပ်ခင် ရဟတ်ယာဉ် ၄ စီးက လူ ၆၅ ဦးကို ကယ်ထုတ်ခဲ့ပါတယ်။

ညပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက ကြိုးတွေသုံးပြီး လူတွေကို ဆက်ကယ်ထုတ် ခဲ့ပါတယ်။

ကေဘယ်ကားတွေကို ပြင်သစ်ဘက် တောင်ထိပ်ကနေ အီတလီနယ်စပ်ဘက် တောင်ထိပ်ဆီ သွယ်တန်းထားတာပါ။

ဒီခရီးကို ကေဘယ်ကား စီးနင်းမှုဟာ မိနစ် ၃၀ ကြာမှ ပြီးစီးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013