DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့တွင် လူစုလူဝေးကို ဥပဒေနှင့်အညီ စနစ်တကျစီမံထိန်းသိမ်းနည်း သရုပ်ပြပွဲ ပြုလုပ်
DVB
·
September 10, 2016
ရန်ကုန်မြို့တွင် လူစုလူဝေးကို ဥပဒေနှင့်အညီ စနစ်တကျစီမံထိန်းသိမ်းနည်း သရုပ်ပြပွဲ ပြုလုပ်
Donate to DVB

ရန်ကုန်မြို့မှာ လူစုလူဝေးကို ဥပဒေနှင့်အညီ စနစ်တကျစီမံထိန်းသိမ်းနည်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့ပါတယ်လို့ ပြန်ကြားရေးသတင်းဌာန ဖေ့စ်ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ရဲလုပ်ထုံး လုပ်နည်း ဥပဒေနဲ့အညီ လူစုလူဝေးကို စနစ်တကျ စီမံထိန်းသိမ်းနည်း သရုပ်ပြပွဲကို ရန်ကုန်မြို့ ဝေဇယန္တာ လမ်းရှိ သုဝဏ္ဏ မိုးလုံလေလုံပြိုင်ပွဲရုံး ဝင်းအတွင်း စက်တင်ဘာ ၈ ရက် မနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့တာပါ။

သရုပ်ပြပွဲမှာ ဥပဒေနဲ့ ဆန့်ကျင်သော်လည်း ငြိမ်းချမ်းစွာ စုဝေးမှုနှင့် စီတန်းလှည့်လည်မှုပြုလုပ် လာတဲ့ လူစုလူဝေးအား ကြီးကြပ် ထိန်းသိန်းမှုသရုပ်ပြသတာနဲ့ ဥပဒေနဲ့ဆန့်ကျင်ပြီး အဓိကရုဏ်း၊ အကြမ်းဖက်မှုများ ပြုလုပ်ကာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည် ထိန်းသိမ်းမှုတွေ သရုပ်ပြသခြင်း တို့ကို အမှတ် (၃) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေက အဆင့်လိုက် သရုပ်ပြသခဲ့ကြပါတယ်။

လူစုလူဝေးအား စနစ်တကျစီမံထိန်းသိမ်းနည်း သရုပ်ပြပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း၊ အမှတ် (၂) လုံခြုံရေး ကွပ်ကဲရေးအဖွဲ့မှူး ရဲမှူးချုပ်မြဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ရင်း (၅)ခုမှ အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေတက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး သရုပ်ပြပွဲကို တလတကြိမ် ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုးကား၊ ဓာတ်ပုံ - MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013