DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ်ပါသည့် ဆိုင်ကယ်နှင့် လုယက်သူ ၃ ဦး ဖမ်းမိ
DVB
·
September 10, 2016
ဖေ့စ်ဘွတ်ခ်ပေါ်ပါသည့် ဆိုင်ကယ်နှင့် လုယက်သူ ၃ ဦး ဖမ်းမိ
Donate to DVB

ဖေ့စ်ဘွတ်ခ်ပေါ်ဓာတ်ပုံတင်လာတဲ့ ရန်ကုန်မြို့က ဆိုင်ကယ်နဲ့ လုယက်မှုကျုးလွန်သူ လူငယ် ၃ ယောက်ကို ပြည်သူတွေရဲ့ သတင်းပေးချက်နဲ့ ဖမ်းမိထားပြီလို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ရက်က သင်္ကကျွန်းမြို့နယ် အသင်းတိုက်အနီးမှာ လမ်းလျှောက်လာတဲ့ မိန်းကလေးတဦးရဲ့ ပိုက်ဆံအိတ်ကို ဆိုင်ကယ်စီးလာသူ ၃ယောက်က လုယူဖို့ ကြိုးပမ်းခဲ့ပေမယ့် ပိုက်ဆံအိတ် ပါမသွားဘဲ လုတဲ့သူ ၃ယောက်ရဲ့ ဓာတ်ပုံပဲ ဖေ့စ်ဘွတ်ခ်ပေါ် တက်ခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်ပျံ့နှံ့ခဲ့တဲ့ ဆိုင်ကယ်စီး လုယက်သူ ၃ ယောက်ကို ရဲတပ်ဖွဲ့က ရှာဖွေနေတုန်း စက်တင်ဘာ ၉ ရက်နေ့မှာ အဲ့ဒီ ၃ ယောက် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သုဓမ္မာလမ်းရှိ လက်ဖက်ရည်ဆိုင်မှာ ရောက်ရှိနေကြောင်း တာဝန်သိပြည်သူတဦးက သတင်းပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဲ့ဒီဆိုင်ကို သွားရောက်ဖမ်းဆီးခဲ့ရာမှာ ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ လည်းကူးမြို့နယ်နေ ကိုဇင် (ခ) ညီညီပိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ လှမင်း(ခ) ချစ်မင်းဦးနှင့် မြောက်ဥက္ကလာပမြို့နယ်နေ အာကာ(ခ)အာကာဦး တို့ကို ဖမ်းမိခဲ့ပါတယ်။

သူတို့ ၃ယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ မြောက်ဥက္ကလာပမြို့နယ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် ခိုးမှု၊ လုယက်မှုများ ကျူးလွန်ထားကြောင်းသိရှိရသဖြင့် စိစစ်အတည်ပြုလျက်ရှိတယ်လို့ တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ဖော်ပြပေးခဲ့ခြင်းနဲ့ ပြစ်မှုကျူးလွန်သူ တွေနဲ့ ပတ်သက်လို့ ရရှိတဲ့ သတင်းများကို ရဲတပ်ဖွဲ့သို့သတင်းပေးခဲ့ခြင်းကြောင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ကျေးဇူးတင်တယ်လို့လည်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013