DVB Logo
Home
မြန်မာသတင်း
မုန်းဟင်းခါးဖတ်နှင့် ခေါက်ဆွဲဖတ်များတွင် ဓာတုဆေးဝါးကင်းစင်ရန် စီမံချက်ဖြင့် လုပ်မည်
DVB
·
September 9, 2016
မုန်းဟင်းခါးဖတ်နှင့် ခေါက်ဆွဲဖတ်များတွင် ဓာတုဆေးဝါးကင်းစင်ရန် စီမံချက်ဖြင့် လုပ်မည်
Donate to DVB

မုန့်ဟင်းခါးဖတ်၊ ခေါက်ဆွဲဖတ်တွေမှာ ဓာတုဆေးဝါးကင်းစင်ဖို့အတွက် မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက စီမံချက်နဲ့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီစီမံချက်ရဲ့ ပထမဆုံးလုပ်ငန်းစဉ်အနေနဲ့ စက်တင်ဘာလ ၉ ရက်နေ့က ဒဂုံတောင်၊ ဒဂုံမြောက်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး ဓာတုဆေးဝါးရဲ့ အန္တရာယ်ကို အသိပညာပေးဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က “ဈေးကွက်ထဲက မုန့်ဖတ်လုပ်ငန်းတွေရဲ့ ၉၀ ရာခိုင်နှုန်းက ဖော်မလင်၊ ဘင်ဇိုင်း၊ ဟိုက်ဒရို တခုမဟုတ် တခု သုံးထားတယ်။ ဒါတွေကို ဆက်မလုပ်ဖို့ အသိပညာပေးတာပါ။ ပြီးရင် လုပ်ငန်းရှင်တွေကို ခံဝန်ကတိ လက်မှတ်ထိုးခိုင်းမယ်။ အမျိုးသားအစားအသောက်ဥပဒေအရ လူကိုအန္တရာယ်ဖြစ်တဲ့ ဓာတုဆေးဝါးတွေ အစားအသောက်မှာသုံးရင် အရေးယူခံရမယ်ဆိုတာကို သိရှိကြောင်းပေါ့”လို့ ပြောပါတယ်။

အသိပညာပေးတာတွေကို ၃ မြို့နယ် တကြိမ်အနေနဲ့ တခြား မြို့နယ်တွေမှာလည်း ဆက်လက် လုပ်ဆောင်သွားမှာပါ။

ပြီးခဲ့တဲ့လအနည်းငယ်က ရန်ကုန်မြို့က ဈေး ၃ ခုမှာရောင်းချနေတဲ့ မုန့်ဖတ်တွေမှာ ဓာတုဆေးဝါးအသုံးပြုတာတွေကို FDA က စစ်ဆေးတွေ့ရှိပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013