DVB Logo
Home
မြန်မာသတင်း
၇၇ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် ပြုလုပ်
DVB
·
September 9, 2016
၇၇ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့အထိမ်းအမှတ် ပြုလုပ်
1 / 8
Donate to DVB

ဒီကနေ့ ကျရောက်တဲ့ ၇၇ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ မနက်မှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးပြီး အရုဏ်ဆွမ်းကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အလားတူ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာလည်း အထိမ်းအမှတ်အခမ်းအနားအနေနဲ့ ဓာတ်ပုံ၊ ပန်းချီပြပွဲတွေကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီပြပွဲမှာ ရခိုင်ပြည်နယ်ရှိ သဘာဝရှုခင်းပုံရိပ်တွေ ဘုရား၊ ပုထိုး၊ စေတီ စတဲ့ ဓာတ်ပုံတွေ ပြသနေပြီး ရခိုင်သမိုင်းပန်းချီပုံတွေနဲ့ အခြား ပန်းချီပုံများကိုလည်း ပြသနေပါတယ်။

ရန်ကုန်မြို့မှာလည်း ရခိုင်တိုင်းရင်းသားရေရာဝန်ကြီး ဦးဇော်အေးမောင်ဦးဆောင်ပြီး ဒီကနေ့ မနက် ရခိုင်ဓမ္မာရုံမှာ ဆွမ်းကပ်ခဲ့သလို နေ့ခင်းပိုင်းမှာတာ့ ဦးဥတ္တမ ပန်းခြံမှာ အထိမ်းအမှတ်ပွဲ ပြုလုပ်မှာဖြစ်တယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ဒီနေ့ နေ့လည် ၁ နာရီမှာ ဦးဥတ္တမပန်းခြံမှာ ဦးဥတ္တမရုပ်ထုကို ပန်းခြင်းတွေနဲ့ တိုင်းရင်းသား ပေါင်းစုံ အဖွဲ့အစည်းတွေအားလုံးက ပန်းခြင်းတွေ ချပြီးတော့ ကန်တော့ကြပါမယ်။ ပြီးလို့ရှိရင် ဆရာတော်ကြီးရဲ့ ထေရုပတ္တိ၊ ဆရာတော်ကြီးရဲ့ နိုင်ငံရေးလှုပ်ရှားခဲ့မှုတွေ၊ ဆရာတော်ကြီးရဲ့ လွှတ်လပ်ရေး ကြိုးပန်းမှုတွေကို ကျနော်တို့ ဟောပြောကြပါမယ်။”

ဆရာတော်ဦးဥတ္တမဟာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းတွေကို နိုင်ငံအနှံ့ဆောင်ရွက် ဟောပြောခဲ့ သလို သူရိယသတင်းစာမှာလည်း အမျိုးသားစိတ်ဓာတ်နိုးကြားရေး ဆောင်းပါးများရေးသားခဲ့ ပါတယ်။
ဆရာတော်ဟာ YMBA အသင်းကြီးရဲ့ လှုပ်ရှားမူတွေမှာ ပါဝင်ခဲ့သလို အင်္ဂလိပ်စိုးရရဲ့ ဖမ်းဆီးထောင်ချတာကိုလည်း ခံခဲ့ရပါတယ်။

ဆရာတော်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် မြန်မာနိုင်ငံတွင်းမှာသာမက အိန္ဒိယနိုင်ငံ မှာပါ အိန္ဒိယ ကွန်ကရက်အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီးဆောင်ရွက်ခဲ့ပါတယ်။
ဆရာတော်ဟာ ၁၉၃၉ ခုနှစ်မှာ ပျံလွန်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013