DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းမှုတွေကို အရေးယူ ပြစ်ဒဏ် ချမှတ်နိုင်မယ့် ဥပဒေတင်သွင်းသွားမည်
DVB
·
September 9, 2016
သက်ငယ်မုဒိမ်းမှုတွေကို အရေးယူ ပြစ်ဒဏ် ချမှတ်နိုင်မယ့် ဥပဒေတင်သွင်းသွားမည်
Donate to DVB

သက်ငယ်မုဒိမ်းမှုတွေကို ထိထိရောက်ရောက် အရေးယူပြီး ပြစ်ဒဏ်ချမှတ်နိုင်မယ့် ဥပဒေ တင်သွင်းသွားမယ်လို့ လူငယ်ရေးရာဖြစ်မြောက်ရေးမူဝါဒအဖွဲ့က ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေအတွက် ထိုက်သင့်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိတာကြောင့် ထိထိရောက်ရောက် အရေးယူနိုင်ပြီး ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေ တင်သွင်းသွားမယ်လို့ စက်တင်ဘာလ ၅ ရက်က ကျင်းပတဲ့ လူငယ်ရေးရာဖြစ်မြောက်ရေးအဖွဲ့က စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လူငယ်မူဝါဒရေးရာ ဖြစ်မြောက်ရေးအဖွဲ့ဝင် ရှင်းသန့်က “ဒီသက်ငယ်မုဒိမ်းမှု မပြောနဲ့ အမရယ်၊ မုဒိမ်းဆိုတာကတော့ ဘယ်အရာမှ ကောင်းတာမဟုတ်ဘူး။ ဒါသည် crime မှု အကြီးကြီး ဖြစ်တယ်။ အဲဒီလိုပဲ ကျမတို့တွေ အမျိုးသမီးတွေပေါ်မှာ ကာကွယ်စောင့်ရှောက်မှု ဥပဒေတွေလည်း လိုအပ်တယ်။ ဆိုတော့ကျတော့ တောင်းဆိုသွားဖို့ ရှိတာက အမျိုးသမီးတွေအပေါ်မှာ၊ တနည်းဆိုရင် သက်ငယ်တဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေအပေါ်မှာ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပပျောက်ရေး ဥပဒေတွေ၊ ပြစ်ဒဏ်တွေကို ထိထိရောက်ရောက်နဲ့ အရေးယူနိုင်မယ့် ပြစ်ဒဏ်တွေ ချမှတ်ဖို့။ နောက်ပြီးရင် process မကျဘဲနဲ့ အပြစ်ရှိတယ်ဆိုရင် ရှိတယ်ဆိုတဲ့အတွင်း လျင်လျင်မြန်မြန်နဲ့ ဒါတွေကို အရေးယူနိုင်မယ့် ဥပဒေတွေ ပါဝင်နိုင်ဖို့လည်း ကျမတို့ တိုက်တွန်းသွားမှာမျိုး ရှိတယ်” လို့ ပြောပါတယ်။

သက်ငယ်မုဒိမ်းမှုတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဥပဒေမျိုး ရှိစေချင်တယ်လို့ သူတို့က ပြောပါတယ်။ ဒါ့အပြင် အိမ်တွင်းအောင်းနေတဲ့ လူငယ်တွေ အပြင်ထွက်ပြီး အလုပ်လုပ်နိုင်အောင် လူငယ်တွေကို အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းနိုင်ဖို့ ရှိတယ်လို့ လူငယ်ရေးရာ ဖြစ်မြောက်ရေးမူဝါဒအဖွဲ့ စာနယ်ဇင်းရှင်းလင်းပွဲကို လာရောက်လေ့လာတဲ့ မခင်ယုမော်က ပြောပါတယ်။

“အမှုတစ်ခုကို လုပ်မယ်ဆိုရင် သက်ငယ်မုဒိမ်းမှုဆိုရင်ပေါ့နော် ဘာပဲဖြစ်ဖြစ် အစိုးရ အဖွဲ့အစည်းတွေက လုပ်ပေးမယ်၊ တင်ကြပါ၊ ပြုပါ ပြောတယ်။ ဒါပေမယ့် တကယ့်တကယ် လုပ်ပေးဆိုရင် ဘယ်သူမှ လုပ်မပေးကြဘူး။ တကယ်ခံနေရတဲ့လူက တကယ် လက်ရှိခံနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ ခံနေရတယ်။ အဲဒီအတွက် အမတို့က သက်ငယ်မုဒိမ်းမှုကို ပေါ့နော်၊ ဥပဒေ လုပ်စေချင်တယ်။ အမျိုးသမီး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုလည်းပေါ့နော် လုပ်စေချင်တယ်ပေါ့နော်” လို့ မခင်ယုမော်က ပြောပါတယ်။

လူငယ်ရေးရာဖြစ်မြောက်ရေးအတွက် မူဝါဒအဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေအများစု ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက် လူငယ်ရေးရာမူဝါဒအဖွဲ့အနေနဲ့ အင်းစိန်၊ လှည်းတန်းနဲ့ မြေနီကုန်း စတဲ့ မြို့နယ်တွေရဲ့ လူငယ်တွေအများစု ရှိနိုင်တဲ့ စည်းရုံးမှုတွေ လုပ်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

သတင်း-သူဇာလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013