DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ကျောင်းဆရာမနေအိမ် ဖောက်ထွင်းခံရ၊ ရွှေထည် စိန်ထည်နှင့် ပိုက်ဆံများ အခိုးခံရ
DVB
·
September 9, 2016
ပြည်မြို့တွင် ကျောင်းဆရာမနေအိမ် ဖောက်ထွင်းခံရ၊ ရွှေထည် စိန်ထည်နှင့် ပိုက်ဆံများ အခိုးခံရ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြည်မြို့က ကျောင်းဆရာမတယောက်အိမ် ဖောက်ထွင်းခံရပြီး ရွှေထည်၊ စိန်ထည်နဲ့ ပိုက်ဆံတွေ အခိုးခံလိုက်ရပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့က ပဲခူးတိုင်း၊ ဆယ်စုရပ်ကွက်၊ လှိုင်းခန်းလမ်း၊ ဆယ်စုရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ နေတဲ့ ကျောင်းဆရာမတယောက် ကျောင်းသွားနေစဉ်မှာ သူ့အိမ်ကို ဖောက်ထွင်းခံခဲ့ရတာပါ။ အိမ်က သော့ခတ်ထားခဲ့ပေမယ့် လမ်းကြားထဲကနေ အိမ်ကို ဖောက်ဝင်ပြီး အိမ်ထဲက အလျူမီနီယမ်ဗီရိုထဲမှာ ထည့်ထားတဲ့ ရွှေထည် ဆယ့်နှစ်ကျပ်ခွဲသား၊ စိန်နားကပ် တရန်၊ စိန်လက်စွပ် ၃ ကွင်းနဲ့၊ ငွေ ၆ သိန်းနဲ့ စုစုပေါင်း ကာလတန်ဖိုး ၁၂၅ သိန်းဖိုးလောက်ကို ခိုးယူသွားခဲ့တာပါ။

“ကျမတို့က နောက်ဖေးတံခါးဆို မင်းတုပ်တွေနဲ့ပေါ့နော်၊ လက်တွေ ဘာတွေနဲ့လည်း ကိုင်လို့မရဘူး။ လက်တွေ ဘာတွေနဲ့လည်း နှိုက်လို့မရဘူး။ ဒီရှေ့ သော့တံခါးတွေပေါ့။ အကုန်လုံး သော့ခတ်ပြီးတော့ အိမ်ကို သေချာ ပိတ်ဆို့ပြီးမှပဲ ကျမ သွားလိုက်တာ။ ၃ နာရီ ၄၀၊ ကျမ ကျောင်းပြန်လာတော့မှပဲ ဒီမှာ ဗီရိုတွေကပွင့်၊ ရွှေထားတဲ့ဘက်ခြမ်းက အံဆွဲနဲ့၊ အံဆွဲပွင့်နေတယ်။ ရွှေရော ငွေရော ပါသွားတယ်။ ကျမ ပြန်လာမှ သိရတာ။ ကျမအမျိုးသား တနင်္ဂနွေနေ့တိုင်း ရန်ကုန်သွားတယ်။ ဒါပေမယ့် ဒီအခါမှ သွားဖူးတာမျိုး မဟုတ်ဘူး။ ကျမတို့ ခါတိုင်းဆို လေး ငါး ဆယ်ရက် ဆေးပြသွားတယ်။ ကျမတို့ ဒီရပ်ကွက်ကလေးက အင်မတန် အေးချမ်းတယ်။ ဘယ်တုန်းကမှလည်း ကျမတို့၊ ကျမတို့ သုံး လေးတန်းလောက်ကတည်းက နေလာတဲ့ ရပ်ကွက်။ ငယ်မွေးခြံပေါက်။ ကျမတို့ အပ်တိုတချောင်းတောင် မပျောက်ဖူးဘူး” လို့ အိမ်ဖောက်ထွင်းခံရသူ ဆရာမဒေါ်နန်းနော်နော်က ပြောပါတယ်။

အိမ်ဖောက်ထွင်းမှုတွေ၊ ခိုးမှုတွေအပြင် ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်ခံရတာတွေ အခုရက်ပိုင်းတွေမှာ အဖြစ်များနေပြီး အများစုက ရဲစခန်းမှာ သွားရောက်အမှုဖွင့်တာ မလုပ်ကြပါဘူး။ ခိုးခံရသူတွေ အများစုကလည်း ပြန်မရတာတွေ များတာကြောင့်လို့ ဆိုတဲ့ ရေးသားချက်တွေကတော့ ပြည်မြို့နဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ်၊ အင်တာနက် စာမျက်နှာတွေမှာ များစွာ တွေ့နေရပါတယ်။ ပြည်မြို့နယ်ထဲမှာ ၂၀၁၆ ဇန်န၀ါရီလ ၁ ရက်နေ့ကစပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့အထိ ခိုးမှု ၄၈ ခု ဖြစ်ပွားခဲ့ပြီး ၁၇ မှုကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။ ကျန်တဲ့ ၃၁ မှုက ဆိုင်ကယ်ခိုးမှု ၃ မှု၊ ခါးပိုက်နှိုက် ၁ မှု၊ ဆိုင်ကယ်လုယက် ၇ မှုနဲ့ ရိုးရိုးခိုးမှု ၂၀ မှုတွေက တရားခံတွေ မမိသေးတာကြောင့် ဆက်လက်ဆောင်ရွက်နေဆဲပဲ ဖြစ်တယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013