DVB Logo
Home
မြန်မာသတင်း
မင်းအုပ်စိုးကို ထောင်ဒဏ်တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ် ပြောင်းလဲသတ်မှတ်
DVB
·
September 9, 2016
မင်းအုပ်စိုးကို ထောင်ဒဏ်တသက်တကျွန်းကနေ ထောင်ဒဏ် ၁၀ နှစ် ပြောင်းလဲသတ်မှတ်
Donate to DVB

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို လူသတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထား ခဲ့ရာကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပြောင်းလဲချမှတ်ခံခဲ့ရပါတယ်။

နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက စက်တင်ဘာလ ၉ ရက်နေ့မှာ ပုဒ်မ ၃၀၄ (က) အရ  ထောင်ဒဏ် တသက်တကျွန်းကနေ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ပြောင်းလဲချမှတ်ခဲ့တာပါ။ လူသတ်မှုကနေ လူသေမှုအဖြစ် ပြောင်းလဲအမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က သူရဲ့နေအိမ်မှာ သရပါ မဂ္ဂဇင်း အယ်ဒီတာ မတေးနုယဉ်ကို လူမှုရေးကိစ္စမေးမြန်း စကားများရန်ဖြစ်ရာကနေ သူမကို အိမ်ခန်းအတွင်း ထိုးကြိတ်ကန်ဆောင့်မှုကြောင့် မတေးနုယဉ် သေဆုံးခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ရန်ကုန်၊ ဗဟန်းမြို့မရဲစခန်းက ပြစ်မှုအမှတ် ၅၁၉/၂၀၁၄ ပြစ်မှုဥပဒေ ပုဒ်မ ၃၀၂ နဲ့ အမှုဆွဲဆိုခဲ့ပြီးတော့ ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့မှာ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ပြစ်မှုဥပဒေပုဒ်မ ၃၀၂ (၂) နဲ့ ထောင်ဒဏ်တသက်တကျွန်း ချမှတ်ခဲ့ရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013