DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် အကြံပြုချက်ပေးရန် ရည်ရွယ်ဟု ကိုဖီအာနန် ပြော
DVB
·
September 9, 2016
ရခိုင်ပြည်နယ် အကျိုးစီးပွားအတွက် အကြံပြုချက်ပေးရန် ရည်ရွယ်ဟု ကိုဖီအာနန် ပြော
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ဖွဲ့စည်းထားတာဟာ လူ့အခွင့်အရေး ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ဖို့မဟုတ်ဘဲ ရခိုင်ပြည်နယ် အသိုက်အဝန်းတခုလုံး အကျိုးစီးပွားအတွက် အကြံပြုချက်တွေပေးဖို့ အဓိကရည်ရွယ်ထားတာလို့ မစ္စတာ ကိုဖီအာနန်က ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အပြီး စက်တင်ဘာ ၈ ရက်နေ့က ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ရာမှာ ပြောဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့ရာမှာ နိုင်ငံခြားသား ၃ ဦး ပါဝင်တာနဲ့ပတ်သတ်ပြီး ရခိုင်ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါတယ်။

ဒါနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတကြီးတို့နဲ့ တွေ့ဆုံခဲ့ရာမှာလည်း ကော်မရှင်အပေါ် ပံ့ပိုးသွားမယ်လို့ ပြောဆိုခဲ့တာကြောင့် နိုင်ငံခြားသား ၃ ဦးအရေး ထားခဲ့လို့ရပြီလို့ ကိုဖီအာနန်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးရဲ့ အမေးကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဘင်္ဂါလီလူမျိုးတွေနဲ့ တံခါးပိတ်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဘင်္ဂါလီလူမျိုးတွေဘက်က စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းနဲ့ လွတ်လပ်စွာ သွားလာခွင့်ရရှိဖို့ ဆန္ဒရှိနေကြတယ်လို့ သူကဆက်ပြောပါတယ်။

နောက်ဆုံးအနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့အနေနဲ့ ရခိုင်ပြည်နယ် အသိုက်အဝန်းတခုလုံး တိုးတက်ဖို့ကိုပဲ အကြံပြုချက် တင်ပြသွားမှာဖြစ်ပြီး ဘက်လိုက်မှု မရှိစေရဘူးလို့ ကတိပေး ပြောဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013