DVB Logo
Home
မြန်မာသတင်း
ကျန်းမာရေးအပေါ်သိမြင်နားလည်ကြပုံ ပြောင်းလဲသွားစေရန် အစီရင်ခံစာ ထုတ်ပြန်
DVB
·
September 8, 2016
ကျန်းမာရေးအပေါ်သိမြင်နားလည်ကြပုံ ပြောင်းလဲသွားစေရန် အစီရင်ခံစာ ထုတ်ပြန်
1 / 4
Donate to DVB

ရပ်ရွာလူထုရဲ့ အရေးပါပုံ - ကျန်းမာရေးအပေါ် သိမြင်နားလည်ကြပုံကို ပြောင်းလဲသွားစေရန် အစီရင်ခံစာ ထုတ်ပြန်ခြင်းကို နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ရုံးးမှာ စက်တင်ဘာ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးတက်ရောက်ခဲ့ပြီး "ကျန်းမာရေးစောက်ရှောက်မှု အပိုင်းတွေမှာ ကြုံတွေနေရတာတဲ့ ပြည်သူတွေရဲ့အသံကို နားထောင်ပြီးသူတို့ရဲ့ အခက်အခဲလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ အဲလိုဆောင်ရွက်မှသာလျှင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရလဒ်ကောင်းတွေ ရရှိနိုင်မှာဖြစ်တယ်"လို့ အဖွင့်အမှာစကားမှာ ထည့်သွင်းပြောဆို ခဲ့တာပါ။

ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီ ရယူရာမှာ ကြုံတွေ့နိုင်တဲ့ အဟန့်အတားတွေကို ဖော်ထုတ်ဆွေးနွေးမှုတွေဟာ ၂၀၁၅ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၆ ခုက ပြည်တွင်းရပ်ရွာ အခြေပြု အဖွဲ့အစည်းတွေရဲ့ ရပ်ရွာလူထုအစည်းအဝေးပွဲ ၅၀၀ ကျော်ကနေ တွေ့ရှိချက်အပေါ် အခြေခံထားပြီး ထုတ်ပြန်ခဲ့ပါတယ်။

"ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို ဖော်ဆောင်ရန်အတွက် အခြားကဏ္ဍများနှင့်လည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းအစီရင်ခံစာမှ ပြဆိုထားပါတယ်။ ကျန်းမာရေးသည် ကဏ္ဍ အားလုံးနှင့် သက်ဆိုင်သော ကိစ္စရပ်ဖြစ်တယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သော ကျန်းမာရေး ရလဒ်တွေကို ရယူနိုင်ရအတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အခြား ဝန်ကြီးဌာနတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ရပ်ရွာလူထုအကြား ပူးပေါင်းဆောင် ရွက်ဖို့ အထူးလိုအပ်တယ်" လို့ 3 DGM စီနီယာ အကြံပေး ဒေါက်တာ ကျော်ညွန့်စိန် က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ လူမှုရေးရာ အချက်အလက်တွေပေါ်မှာ ရပ်ရွာလူထုအမြင် သဘောထားတွေနဲ့ ကြုံတွေ့နေရာတဲ့ အခက်အခဲတွေကို စုစည်းဖော်ထုတ်ထားတဲ့ ပထမ ဆုံးထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013