DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်း​တွင် လင်း​ဇင်း​ဆည်ကျိုး​၊​ ရွာအများ​အပြား​ရေနစ်
DVB
·
October 20, 2011
ဆင်ဖြူကျွန်း​တွင် လင်း​ဇင်း​ဆည်ကျိုး​၊​ ရွာအများ​အပြား​ရေနစ်
Donate to DVB

မ​ကွေး​တိုင်း​ ဆင်ဖြူကျွန်း​မြို့​အထက်ဘက် လင်း​ဇင်း​ဆည် ကျိုး​ပေါက်တဲ့​အတွက် ရွာအ​တော်များ​များ​ ​ရေလွှမ်း​နေတယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“မ​နေ့​ညက လင်း​ဇင်း​ဆည်ကျိုး​တယ်လို့​ ​ပြောတယ်။ ​ပေါင်း​ဒူး​တို့​၊​ င​ပျောအိုင်တို့​၊​ နွယ်တပင်၊​ ကြက်ဆူ၊​ လှည်း​ဝိုင်း​ရွာ ၂၀ ​လောက်ရှိတယ်။ ကြက်သွန်ခင်း​တွေ အကုန်ပျက်စီး​ကုန်တယ်။ စိုက်ခင်း​တွေအကုန် ပျက်စီး​တယ်လို့​ကြား​တယ်။ ​တော်​တော်ဒုက္ခ​ရောက်တယ်​ပြောတယ်။”

အခုကျိုး​ပျက်တဲ့​ လင်း​ဇင်း​ဆည်ဟာ အင်္ဂလိပ်အစိုး​ရ​ခေတ်က ဆည်ဖြစ်ပြီး​ အဲဒီအထက်ပိုင်း​မှာ မြန်မာအစိုး​ရက စလင်း​ဆည်ကို ထပ်မံ​ဆောက်လုပ်ခဲ့​တယ်လို့​ ဆိုပါတယ်။

အဲဒီစလင်း​ဆည်က ဆင်း​လာတဲ့​ရေက လင်း​ဇင်း​ဆည်မှာ ​ရေပိုများ​စေပြီး​ မထိန်း​နိုင်​တော့​ဘဲ တာကျိုး​ခဲ့​တာလို့​ ဆိုပါတယ်။

“အထက်က စလင်း​ဆည်က ​ရေမနိုင်လို့​ ​ဖောက်ချလိုက်​တော့​ လင်း​ဇင်း​ဆည်မှာ ​ရေကများ​ပြီး​တော့​ တာအက်ပြီး​ အက်တယ်​ပြောတာပဲ။ အ​တော်ဒုက္ခ​ရောက်​နေကြတယ်။”

ဆင်း​လာတဲ့​ရေ​တွေ စပါး​ခင်း​တွေ​ပေါ် လွှမ်း​ကုန်သလို တချို့​နေရာမှာ အိမ်​ခြေ​တွေပါ ​ရေစီး​နဲ့​ ​မျောပါကုန်တယ်လို့​ ​ဒေသခံတဦး​က ဆိုပါတယ်။

ဆည်ကျိုး​ရတဲ့​အ​ကြောင်း​ရင်း​ကို တာဝန်ရှိသူ​တွေက ထုတ်မ​ပြော​သေး​သလို ဒီဗွီဘီက ​မေး​မြန်း​ဖို့​ ကြိုး​စား​နေဆဲ ဖြစ်ပါတယ်။

အခု​လော​လောဆယ်မှာ စလင်း​မြို့​အပါအဝင် မြို့​နီး​ချုပ်စပ်က တတ်နိုင်သ​လောက် အကူအညီသွား​ပေး​နေကြတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013