DVB Logo
Home
မြန်မာသတင်း
ဂျပန်ယန်း ၁၂၅ ဘီလီယံ ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော
DVB
·
September 8, 2016
ဂျပန်ယန်း ၁၂၅ ဘီလီယံ ကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြော
Donate to DVB

မြန်မာနိုင်ငံကို ကျေးလက်ဒေသတွေပါ တပြေးညီတိုးတက်အောင် ဂျပန်ယန်း ၁၂၅ ဘီလီယံ ကူညီမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ ဆက်စပ်ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေး စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲပိုင်းက သီးခြားတွေ့ဆုံဆွေးနွေးခဲ့ ချိန်မှာပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ အစိုးရရဲ့ အိုဒီအေ အထောက်အပံ့သာမက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို မြှင့်တင်ချင်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားရင်နှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်မှုရှိအောင် နိုင်ငံရဲ့ ဥပဒေဆိုင်ရာတွေကို မွန်းမံပြင်ဆင်နေကြောင်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ရဲ့ ဂျပန်နိုင်ငံကို အမြန်ဆုံးလာရောက်ဖို့ ဖိတ်ခေါ်မှုကိုလည်း အတတ်နိုင်ဆုံး စောစောလာနိုင်ဖို့ ကြိုးစားပါမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013