DVB Logo
Home
မြန်မာသတင်း
တရား​မဝင်အလုပ်သမား​များ​ကို ဖမ်း​ဆီး​ရန် မ​လေး​ရှား​အစိုး​ရစီစဉ်
DVB
·
October 20, 2011
Donate to DVB

မြန်မာနှင့်​ မ​လေး​ရှား​အစိုး​ရတို့​ရဲ့​ အကျဉ်း​သား​လွှဲ​ပြောင်း​ရေး​အစီအစဉ်အ​ပေါ် လူ့​အခွင့်​အ​ရေး​ အဖွဲ့​တွေက စိုး​ရိမ်​နေချိန်မှာပဲ မ​လေး​ရှား​မှာ တရား​မဝင်​နေထိုင်သူ​တွေကို ဖမ်း​ဆီး​တဲ့​ အထူး​စီမံကိန်း​တခုလည်း​ လာမယ့်​ ရက်သတ္တပတ်​တွေမှာ ပြုလုပ်ဖို့​ ရှိ​နေတာ​ကြောင့်​ မ​လေး​ရှား​ရောက် မြန်မာ​တွေ စိုး​ရိမ်​နေပါတယ်။

အကျဉ်း​သား​လွှဲ​ပြောင်း​ရေး​ အစီအစဉ်​ကြေညာပြီး​ ရက်ပိုင်း​အတွင်း​ မ​လေး​ရှား​မှာ တရား​မဝင်​နေထိုင်သူ​တွေကို နိုဝင်ဘာထဲ ဖမ်း​ဆီး​တော့​မယ်လို့​ မ​လေး​ရှား​အစိုး​ရက ​ကြေညာလိုက်တဲ့​အတွက် အခုလို စိုး​ရိမ်စရာဖြစ်လာတာပါ။

ကွာလာလမ်ပူမှာရှိတဲ့​ မြန်မာဒုက္ခသည်များ​အဖွဲ့​ (Burma Refugee Organization) အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ဦး​မောင်လှက အခုလို​ပြောပါတယ်။

“ဟုတ်ပါတယ်။ ရဲက တစ်သိန်း​တစ်​သောင်း​၊​ စစ်သား​က တစ်သိန်း​တစ်​သောင်း​ ​နောက်ပြီး​တော့​ ​ရေလာ၊​ ရပ်ကွက်​ကောင်စီ အဲလိုမျိုး​ လဝက ကဦး​ဆောင်ပြီး​တော့​ စစ်ဆင်​ရေး​ကို လုပ်ဖို့​အစီအစဉ်ရှိပါတယ်။ သတင်း​စာထဲမှာ ​ခေါင်း​ကြီး​ပိုင်း​က​နေ ​ကြေငြာလိုက်ပါတယ်။”

အဲဒီ စီမံချက်ထဲမှာ မ​လေး​ရှား​အစိုး​ရရဲ့​ (6Ps) ပရိုဂရမ်လို့​ လူသိများ​တဲ့​ နိုင်ငံခြား​သား​တွေကို မှတ်ပုံတင်တဲ့​အစီအစဉ်မှာ မှတ်ပုံမတင်ထား​တဲ့​ လူ​တွေကို အဓိက ဖမ်း​ဆီး​ဖွယ်ရှိတယ်လို့​ ဆိုပါတယ်။

မ​လေး​ရှား​ကို တရား​မဝင်နည်း​နဲ့​ရော၊​ တရား​ဝင်နည်း​နဲ့​ပါ ​ရောက်​နေတဲ့​ မြန်မာနိုင်ငံသား​ သုံး​သိန်း​ခွဲဝန်း​ကျင်ရှိ​နေတဲ့​ထဲက တသိန်း​ဝန်း​ကျင်ဟာ (6Ps) ပရိုဂရမ်​အောက်မှာ မှတ်ပုံတင်မထား​ကြပါဘူး​။

ဒါ့​အပြင် ကုလသမဂ္ဂက အသိအမှတ်ပြုထား​တဲ့​ မြန်မာဒုက္ခသည် ၉ ​သောင်း​နီး​ပါး​နဲ့​ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့​ ​လျှောက်ထား​သူ​တွေလည်း​ မ​လေး​ရှား​မှာ ရှိ​နေပါတယ်။

ချင်း​လူ့​အခွင့်​အ​ရေး​အဖွဲ့​ (Chin Human Rights Organization) က ဆလိုင်း​ဇာအုပ်လိန်း​ (Salai Za Uk Ling) က အဲဒီစီမံချက်ထဲမှာ အရပ်သား​အဖွဲ့​တွေပါ ပါဝင်လာမှာဖြစ်လို့​ ဒုက္ခသည်​တွေအတွက် ပိုပြီး​ စိုး​ရိမ်ရတယ်လို့​ ​ပြောပါတယ်။

“မ​လေး​ရှား​က လူ​တွေကို ဖမ်း​တဲ့​နေရာမှာ ​ရေလာလို့​ခေါ်တဲ့​ ပြည်သူ့​စစ်လို၊​ ရဲလည်း​မဟုတ်ပဲနဲ့​ အရပ်သား​ပဲလုပ်ထား​တဲ့​ သူ​တွေရှိတယ်။ ​ရေလာကဖမ်း​တဲ့​နေရာမှာ ပြဿနာဖြစ်တာက မှတ်ပုံတင်ကိုင်ထား​တဲ့​လူ​တွေ ယူအန်အိပ်ခ်ျစီအာ ကတ်ကိုင်ထား​တဲ့​သူ​တွေ၊ ပတ်စပို့​ကိုင်ထား​တဲ့​ နိုင်ငံခြား​သား​တွေ မြန်မာပြည်သား​မဟုတ်တဲ့​ နိုင်ငံခြား​သား​တွေပဲ။ သူတို့​က လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်မှု​တွေ အများ​ကြီး​လုပ်ထား​တယ်။ ကတ်ပါတဲ့​သူ​တွေကို ဖမ်း​ပြီး​တော့​ ကတ်​တွေကို ဖွက်ထား​ပြီး​တော့​ တရား​မဝင်ပါဆိုပြီး​ ဖမ်း​ထား​တဲ့​သူ​တွေ အများ​ကြီး​ရှိတယ်။ အဲဒါ​ကြောင့်​ အခုစိုး​ရိမ်​နေတာလည်း​ မ​လေး​ရှား​က အခုလိုမျိုး​ စစ်ဆင်​ရေး​ပြန်လုပ်လို့​ ရှိရင် အဖမ်း​ခံကြရမယ့်​သူ​တွေက နည်း​မှာမဟုတ်ဘူး​။”

မြန်မာဒုက္ခသည်​တွေထဲမှာ ချင်း​တွေက အများ​စုဖြစ်တာ၊​ ချင်း​ပြည်နယ်မှာ လည်း​ လူ့​အခွင့်​အ​ရေး​အ​ခြေအ​နေ​တွေ မတိုး​တက်​သေး​တာကို ​ထောက်ပြပြီး​ အကယ်၍ ဒုက္ခသည်​တွေ ဖမ်း​ဆီး​ပြန်ပို့​ခံရရင် မြန်မာပြည်ဘက်မှာ အကျဉ်း​ချခံရတာ၊​ သို့​မဟုတ် ညှဉ်း​ပန်း​နှိပ်စက်ခံရမှာကို စိုး​ရိမ်တယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာဒုက္ခသည်များ​အဖွဲ့​အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ဦး​မောင်လှက လွန်ခဲ့​တဲ့​ နှစ်ရက်တုန်း​က​တော့​ မ​လေး​ရှား​မှာ ရှိတဲ့​ ကုလသမဂ္ဂ ဒုက္ခသည်များ​ဆိုင်ရာ မဟာမင်း​ကြီး​ရုံး​က သူတို့​ အကူအညီ​ပေး​နိုင်တဲ့​အ​ခြေအ​နေ​တွေနဲ့​ပတ်သက်လို့​ ဒုက္ခသည်​တွေကို ရှင်း​ပြခဲ့​တယ်လို့​ ​ပြောပါတယ်။

“သူတို့​လုပ်​ပေး​နိုင်တယ်ဆိုတာက တချို့​လူ​တွေက မှတ်ပုံတင်မရ​သေး​ဘူး​။ ကွန်မြူနတီကတ်​တွေ ကိုင်ထား​တယ်။ အဲဒီကတ်​တွေ ကိုင်ထား​တဲ့​သူ​တွေနဲ့​ ပတ်သက်ပြီး​တော့​ သူတို့​က အကာအကွယ် လုပ်​ပေး​နိုင်တယ်၊​ တကယ်လို့​ အဖမ်း​အဆီး​ဖြစ်လာရင် ဒီလူ​တွေက ယူအန်အိပ်ခ်ျစီအာရဲ့​ မှတ်ပုံတင်ကို ​စောင့်​နေတဲ့​ ဒုက္ခသည်​တွေပါဆိုပြီး​တော့​ သူတို့​အကူအညီ​ပေး​နိုင်ပါတယ်။ ရပြီး​သား​လူ​တွေက​တော့​ သက်​သေခံအ​ထောက်အထား​ရှိတဲ့​အတွက် သိပ်​ပြောစရာမလိုဘူး​။ ဒါ​ပေမယ့်​ သူတို့​ရဲ့​ 6Ps ပရိုဂမ်မှာ ဒုက္ခသည်​တွေက လက်​ဗွေ နှိပ်ရတယ်​လေ။ အဲ​တော့​ ဒုက္ခသည်ပဲ ဖြစ်ဖြစ်၊​ ​ရွှေ့​ပြောင်း​လုပ်သား​ပဲဖြစ်ဖြစ် အား​လုံး​ဟာ 6Ps ပရိုဂရမ်မှာ ပူး​ပေါင်း​ပါဝင်ပြီး​တော့​ လက်​ဗွေနှိပ်ရပါမယ်။ ဖမ်း​တဲ့​အခါမှာ စစ်​ဆေး​လို့​မိရင် သူတို့​ပြန်ပို့​မယ်တဲ့​။”

လေး​ရှား​မှာ မြန်မာတိုင်း​ရင်း​သား​ ဒုက္ခသည်အဖွဲ့​အစည်း​ပေါင်း​ ၃၀ ​ကျော်ရှိပြီး​ UNHCR က အသိအမှတ်ပြုမခံရသူ တချို့​ဟာလည်း​ သက်ဆိုင်ရာအဖွဲ့​အစည်း​တွေက ထုတ်​ပေး​တဲ့​ ကွန်မြူနတီကတ်လို့​ ​ခေါ်တဲ့​ ကတ်ပြား​တွေကို ကိုင်ထား​ကြပါတယ်။

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ကလည်း​ နှစ်နိုင်ငံအစိုး​ရ​တွေကြား​ သ​ဘောတူညီချက်အရ မ​လေး​ရှား​ ထိန်း​သိမ်း​ရေး​စခန်း​တွေမှာရှိတဲ့​ မြန်မာနိုင်ငံသား​ တ​ထောင်ဝန်း​ကျင်ကို မြန်မာပြည်ဘက်ကို ပြန်ပို့​ဖွယ်ရှိပါတယ်။

အစီအစဉ် ဘယ်​တော့​စမလဲဆိုတာ မသိရ​သေး​ခင်မှာ မ​လေး​ရှား​မှာရှိတဲ့​ ကုလသမဂ္ဂ ဒုက္ခသည်များ​ ဆိုင်ရာမဟာမင်း​ကြီး​ရုံး​နဲ့​ လူ့​အခွင့်​အ​ရေး​အဖွဲ့​တွေက ကန့်​ကွက်မှု​တွေလည်း​ ထွက်​ပေါ်​နေပါတယ်။

ဒီလို ကန့်​ကွက်​နေတဲ့​ကြား​မှာပဲ တရား​မဝင်သူ​တွေကို ဖမ်း​ဆီး​ပြန်ပို့​မယ့်​ အစီအစဉ် ​ပေါ်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013