
ရန်ကုန်မှာ ၂၀၁၆ ခုနှစ် ၈ လအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာက မနှစ်က တနှစ်လုံးထက် ပိုများလာပါတယ်။
လက်ရှိမှာ ဇန်နဝါရီကနေ သြဂုတ်လအထိ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အမှုပေါင်း ၂၇၅ ခုနဲ့ တရားခံ ၃၇၉ ဦးကို ဖမ်းဆီးရမိထားတာပါ။ ဒီထဲမှာ ဘိန်းဖြူ ၄၈ မှုနဲ့ စိတ်ကြွဆေး ၁၉၆ မှု ပါပါတယ်။
၂၀၁၄ ခုနှစ်မှာ မူးယစ်ဆေးဝါးအမှုပေါင်း ၂၇၀ နဲ့ တရားခံ ၃၆၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ၁၉၉ မှုနဲ့ တရားခံ ၂၉၆ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ မူးယစ်အထူးတပ်ဖွဲ့ခွဲ ၃ က ဒု-ရဲမှူး မျိုးမြင့်က ပြောပါတယ်။
ဒါဟာ မူးယစ်အထူးအဖွဲ့က ဖမ်းဆီးတာတွေဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့တွေက ဖမ်းဆီးတာ မပါသေးပါဘူး။
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန်လေဆိပ်မှာတင် မူးယစ်ဆေးဖမ်းမိတာ ၃ မှု ရှိတာပါ။
လက်ရှိ ရန်ကုန်ရဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှာ ဘိန်းစိမ်း ၁ ကီလိုဂရမ်ကို ၂ သောင်းခွဲကနေ ၃ သောင်း၊ ဘိန်းဖြူ ၁ ကီလိုဂရမ်ကို ကျပ်သိန်း ၇၀၀ ကနေ ၈၀၀၊ ဆေးခြောက် ၁ ကီလိုဂရမ်ကို ၃ သိန်းခွဲနဲ့ ဆေးပြား ၁ ပြားကို ကျပ် ၃၅၀၀ နှုန်း ၀န်ကျင်မှာ ရှိနေတာပါ။ပ











