DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်တွင် စက်လှေတိမ်းမှောက်၊ ၃ ဦးသေ ၃ ဦးပျောက်ဆုံးနေ
DVB
·
September 7, 2016
တောင်ကုတ်တွင် စက်လှေတိမ်းမှောက်၊ ၃ ဦးသေ ၃ ဦးပျောက်ဆုံးနေ
Donate to DVB

တောင်ကုတ်မြို့ကနေ ရမ်းဗြဲမြို့ စကုကိုသွားတဲ့ စက်လှေတစီး ဒီကနေ့ မနက်ပိုင်းက ကလိန်တောင် မြစ်ဝနားမှာ နစ်မြုပ်လို့ ၃ ဦးသေဆုံးပြီး ၃ ဦး ပျောက်ဆုံးနေပါတယ်။

စက်လှေပေါ်မှာ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၀ ဦး၊ စုစုပေါင်း ၁၉ ဦး ပါဝင်ပြီး လက်ရှိ အသက်ရှင် လွတ်မြောက်လာသူ အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၄ ဦး ရှိပါတယ်။

“ဒီက မနက် ၇း၃၀ က တောင်ကုတ်ကနေ ရမ်းဗြဲမြို့ စကုကို စက်လှေနဲ့သွားကြတာပေါ့။ စက်လှေပေါ်မှာ လက်ရှိ ကျနော်တို့စာရင်းအရ အမျိုးသား ၉ ဦးရယ်၊ အမျိုးသမီး ၁၀ ဦးလို့ အကြမ်းဖျင်း သိထားတယ်။ လောလောဆယ် အမျိုးသမီးအလောင်း ၃ လောင်း ရှိထားပါပြီ၊ ကျန်တဲ့ ပျောက်ဆုံးနေတဲ့သူတွေကို ကျနော်တို့ ဝိုင်းဝန်းပြီး လိုက်ရှာနေပါတယ်။ သတင်းအပြည့်အစုံကို ညနေမှသိရမယ်ဗျ” လို့ တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးက ပြောပါတယ်။

တောင်ကုတ်မြို့နဲ့ အခု စက်လှေနစ်မြုပ်နေရာဟာ ၁၅ မိုင်ခန့်ရှိပြီး မိုးကြီးပြီး လှိုင်းကြီးတာကြောင့် နစ်မြုပ်သွားရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစက်လှေဟာ တောင်ကုတ်မြို့ကို ဈေးလာဝယ်ဖြစ်ပြီး တောင်ကုတ်ကနေ ရမ်းဗြဲမြို့ စကုကိုအပြန်မှာ လှိုင်းကြီးလို့ နစ်မြုပ်ခဲ့တာလို့ ဦးကိုကိုဦးက ဆက်ပြောပါတယ်။

“အခင်းဖြစ်ပွားတာက ခေါင်းဖြူချောင်း ကလိန်တောင် မြစ်ဝအနား အဝင်ဝအရောက်မှာ လှိုင်းထပြီးတော့ စက်လှေနစ်မြုပ်သွားတာပါ။ လှိုင်းက ၅ ပေလောက်ရှိတယ်လို့ ကျနော်သိရတယ်။ မိုးကလည်း အရမ်းရွာနေတယ်လို့ ပြောပါတယ်။ ဒီနေ့မနက်က သူတို့တောင်ကုတ်ကို ဈေးလာဝယ်တာပါ။"

လက်ရှိအချိန်အထိ ရေနစ်သေဆုံးတဲ့ အမျိုးသမီးအလောင်း ၃ လောင်း ရရှိထားပြီး ၃ ဦး ပျောက်ဆုံးနေလို့ ရှာဖွေရေးလုပ်ငန်းတွေ လုပ်နေကြောင်း တောင်ကုတ်မြို့နယ်မှူး ဦးကိုကိုဦးက ဒီဗွီဘီကို ပြောပါတယ်။

သတင်း-၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013