DVB Logo
Home
မြန်မာသတင်း
အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း
DVB
·
September 7, 2016
အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန် အရပ်ဘက်အဖွဲ့များ တိုက်တွန်း
Donate to DVB

အပစ်အခတ်ရပ်စဲကြောင်း အမြန်းဆုံးထုတ်ပြန်ကြေညာပေးဖို့ အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက ဒီကနေ့ သဘောထား ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းပြီး တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီဖက်ဒ ရယ်ပြည်ထောင်စုရရှိနိုင်ဖို့ တနိုင်ငံလုံးက အပစ်ခတ်ရပ်စဲကြောင်း ထုတ်ပြန်ကြေညာပေးဖို့ လိုတယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ် ဖြစ်မြောက်ရေး ယာယီကော်မတီဝင် ဦးသွင်လင်းအောင်က ပြောပါတယ်။

“ကျနော်တို့ အစောကြီးကတည်းက ညီလာခံမတိုင်ခင်ကတည်းက နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးထိုးတယ်၊ မထိုးတယ်ဆိုတဲ့ စာရွက်ပေါ်က ကိစ္စတွေထက်စာရင် လက်တွေ့ ကျကျနဲ့ နှစ်ဖက်လုံးကနေပြီးတော့ တပြိုင်နက် အပစ်ရပ်တဲ့ကိစ္စမျိုးကို လုပ်ပေးပါဆိုပြီးတော့ ကျနော်တို့က တိုက်တွန်းတာပါ။ နှစ်ဖက်လုံးကိုတော့ တိုက်တွန်းထားတယ်။ လောလောဆယ်မှာ ကတော့ ထိုးစစ်တွေက အစိုးရတပ်တွေကနေပြီးတော့မှ ပိုများနေတဲ့အတွက် အစိုးရတပ်တွေရဲ့ ထိုးစစ်ကို ရပ်လိုက်ပါ။ ရပ်လိုက်ပြီးတော့ နှစ်ဖက်လုံးကနေပြီးတော့မှ တပြိုင်နက်အပစ်ရပ် တယ်ဆိုတာမျိုးလုပ်ပါဆိုပြီးတောင်းခဲ့တာ။ ၂၁ ပင်လုံမတိုင်ခင်မှာလည်း တိုက်တွန်းခဲ့တာရှိပါ တယ်။ အခုက အဲဒါကို ထပ်တိုက်တွန်းတာ။ ထပ်တိုက်တွန်းတယ်ဆိုတာကလည်း ၂၁ ရာစု ပင်လုံပြီးတဲ့နောက်ပိုင်းမှာ ကရင်ပြည်နယ် ဘက်မှာဆိုရင် တိုက်ပွဲတွေပိုပြီးတော့တောင် ဖြစ်လာတဲ့သဘောရှိတယ်။”

ဒါ့အပြင်  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ နဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ တက်ရောက်ခဲ့ပြီး လေ့လာတွေ့ရှိချက်တွေကို ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

၂၁ ရာစု ပင်လုံဆွေးနွေးပွဲမှာ  တပ်မတော်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပထ၀ီ အခြေခံဖက်ဒရယ်စနစ်ကို ဆွဲကိုင်ထားပြီး နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားသင့် ဖိတ်ကြားထိုက်သူများ အစုအဖွဲ့တွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့၊ လူမျိုးစုအခြေခံနဲ့ ပထ၀ီအခြေခံဖက်ဒရယ်စနစ်ကို အခြေပြု ဆွေးနွေးခဲ့ကြပါတယ်။

အရပ်ဘက်လူ့အဖွဲ့အစည်းအနေနဲ့ ဖွဲစည်းပုံအခြေခံဥပဒေဟာ နောက်ပိုင်းမှာ အကြပ်အ တည်းတခု ဖြစ်လာနိုင်တာကြောင့် ပြင်ဖို့ တိုက်တွန်းတာလို့  ဦးသွင်လင်းအောင်က ပြောပါတယ်။

“ဆွေးနွေးပွဲကို ကျနော်တို့ လေ့လာကြည့်တဲ့အခါကျတော့ နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အကြပ်အတည်းတခု ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးဆိုတဲ့ ရှုထောင့်ကနေပြီးတော့မှ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ကို စဉ်းစားပါဆိုပြီးတော့ ကျနော်တို့က တိုက်တွန်းတာပေါ့နော်။ နောက်တခုက အဖွင့်ပြောသွားတဲ့ထဲမှာတွေလည်းပါတယ်၊ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် (အန်စီအေ) ပေါ့၊ အန်စီအေအပေါ်မှာ သွားရမယ်လို့ ပြောသွားတဲ့ သဘောထားတွေ လည်းရှိတယ်။ ဒါပေမယ့် တချို့တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့က အန်စီအေထဲမှာ ၀င်ပါဖို့ဆိုတော့ အခက်ခဲရှိနေတော့ အန်စီအေအပြင်ကို တခြားပုံစံမျိုးနဲ့ နိုင်ငံရေးလမ်းပြမြေပုံနဲ့သွားဖို့ကို အဓိက တိုက်တွန်းပါတယ်။”

၂၁ ရာစုပင်လုံညီလာခံမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ဖြစ်မြောက်ရေး ယာယီကော်မတီနဲ့  အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ခံတွေ လေ့လာသူတွေအဖြစ် တက်ရောက်ခဲ့သလို  ကဏ္ဍအလိုက် အရပ်ဘက်အဖွဲ့အစည်းအသီးသီးမှ ကျွမ်းကျင်သူတွေ အကျိုးဆောင်တွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ တိုင်းရင်းသားလူမျိုးစု အစုအဖွဲ့တွေအနေနဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013