DVB Logo
Home
မြန်မာသတင်း
ခိုင်မျိုးထွန်းအမှု တရားလိုဘက်က ရုံးချိန်းနှစ်ကြိမ်ပျက်ကွက်မှု ဝေဖန်
DVB
·
September 7, 2016
ခိုင်မျိုးထွန်းအမှု တရားလိုဘက်က ရုံးချိန်းနှစ်ကြိမ်ပျက်ကွက်မှု ဝေဖန်
1 / 5
Donate to DVB

ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) ပြန်ကြားရေးဌာနမှ ထိပ်တန်းအဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ခိုင်မျိုးထွန်းကို ဒီကနေ့ ၆ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က ရောက်မလာလို့ စက်တင်ဘာ ၁၂ ရက်နေ့ ထပ်မံရုံးချိန်းလိုက်ပါတယ်။

အခုတကြိမ်ဆိုရင် တရားလိုဘက်က ရုံးချိန်းပျက်ကွက်တာဟာ နှစ်ကြိမ်ရှိပြီး သြဂုတ်၁၉ ရက်နေ့ စတုတ္ထအကြိမ်မြောက် ရုံးချိန်းကလည်း တရားလိုဘက်က ရောက်မလာဘူးလို့ ခိုင်မျိုးထွန်းဘက်က အမှုကိုလိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေဦးကျော်သိန်းက ဒီဗွီဘီကိုပြောပါတယ်။

“ဒီတခါဆိုရင်ဗိုလ်မှူးကြီး တင်နိုင်ထွန်းရုံးချိန်ပျက်ကွက်တာ နှစ်ခါရှိပါပြီး၊ ဒီနေ့မနက် ရုံးတင်ချိန်မှာပဲ တိုင်းမှူး ခရီးစဉ်တခုရှိလို့ဆိုပြီး ခွင့်လာတိုင်းတယ်။ အမှန်ကတော့ သူအနေနဲ့ခွင့်ကိုကြိုပြီး တိုင်သင့်တယ်။ ဒီလို ပျက်ကွက်နေရင် ဘယ်လိုလုပ်ပြီးဆောင်ရွက်မလဲ။ လူတိုင်းမှာတော့ အလုပ်ရှိကြတာပဲ။ ၀န်ကြီးမှာလဲဝန်ကြီးအလုပ် ရှိတယ်။ အစိုးရမှာလည်း အစိုးရအလုပ်ရှိနေတာပဲ။ ကျနော်တို့လည်း အလုပ်ဆိုတာရှိတာပဲ။ အပြစ်ရှိလား မရှိဘူးလား ဆိုတာ မသိသေးတဲ့သူတယောက်ကို အခုလိုစွပ်စွဲပြီး ထောင်ထဲမှာ ထည့်ရုံးချိန်ကျတော့ တရားလိုဘက်က ပျက်ကွက်တာကတော့ လုံးဝသဘာဝမကျဘူးလို့ပြောပါတယ်။”

တရားလိုဘက်က တရားရုံးကို ရောက်မလာတာကြောင့် ခိုင်မျိုးထွန်းကို စစ်တွေထောင် ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

ခိုင်မျိုးထွန်းပြန်လွှတ်ပေးဖို့ စစ်တွေတရားရုံးရှေ့ကို ဒီကနေ့ ဒေသခံတွေလည်း လာရောက်တောင်းဆိုခဲ့ကြပါတယ်။

၈၈ အကျဉ်းသားဟောင်း ရခိုင်အမျိုးသားရေး နိုင်နိုင်က “ဘာဖြစ်ဖြစ် ဒီလိုအမှန်တရားဘက်က ရပ်တည်နေတဲ့ သူတယောက်ကို ဖမ်းဆီးထောင်ထဲထည့်တာဟာ သဘာဝမကျဘူးဖြစ်နေတယ်။ နောက်ပြီးသူတို့က အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်း တခုဖြစ်တယ်။ အဖွဲ့အစည်းအချင်းချင်းချင်း တိုင်ပင်ပြီး လုပ်ဆောင်သင့်ပါတယ်။ နောက်ပြီး ဒီကြေညာချက်ကို အမှန်ကတယ် ပြည်သူတွေကလည်း ထာက်ခံတယ်။ ဒါကြောင့် ခိုင်မျိုးထွန်း လွတ်မြောက်ရေးကို ပြည်သူတွေ ထောက်ခံဆန္ဒပြနေတာပေါ့။”

ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) အကြား တိုက်ပွဲတွေ ဖြစ်ပွားရာမှာ အစိုးရတပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲတာနဲ့ လမ်းပြအဖြစ် ခေါ်ဆောင်တာတွေရှိကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ခိုင်မျိုးထွန်းကို ဒေသကွပ်ကဲမှုစစ်ဌာနချူပ်မှ စစ်ဦးစီးမှူး ပထမတန်း ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေ ၆ ရက်နေ့မှာ တရားလို ပြုလုပ်ပြီးတော့ ပုဒ်မ ၅၀၅ (ခ) ၊ ၅၀၅ (ဂ) နှင့် စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားတာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

သတင်း-၀ဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013