DVB Logo
Home
မြန်မာသတင်း
လေးလောင်းပြိုင် လူသတ်မှု အပူတပြင်း စုံစမ်းဖော်ထုတ်နေဟု ရဲတပ်ဖွဲ့ပြော
DVB
·
September 7, 2016
လေးလောင်းပြိုင် လူသတ်မှု အပူတပြင်း စုံစမ်းဖော်ထုတ်နေဟု ရဲတပ်ဖွဲ့ပြော
1 / 8
Donate to DVB

မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှုနဲ့ပတ်သက်လို့ တိုင်းရဲတပ်ဖွဲ့နဲ့ မှုခင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး အပူတပြင်း စုံစမ်းဖော်ထုတ်နေတယ်၊ ပြည်သူတွေအနေနဲ့ သိထားတဲ့ သတင်းအချက် အလက်တွေကို ရဲထံဆက်သွယ်ပေးပို့ပြီး ကူညီကြပါလို့ တိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

လူသတ်မှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုတိယတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေနှင့် မှုခင်းရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သာထွန်းတို့ကို မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းရာမှာ သူတို့က ခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အသတ်ခံရတဲ့သူတွေရဲ့အိမ်ကို ရှာဖွေစစ်ဆေးတဲ့အခါ ဂမ္ဘီရဝတ္ထု စာအုပ်တွေနဲ့ ဖြစ်ရပ်မှန်မှုခင်း စာအုပ် ၅၀ ကို အိမ်ဧည့်ခန်းဗီရိုထဲက တွေ့ရတယ်လို့လည်း ရဲတွေက ပြောပါတယ်။

အိမ်ရဲ့ ပတ်ဝန်းကျင်မှာလည်း ယတြာချေထားတဲ့ အထုပ် ရှစ်ထုပ်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အသတ်ခံရတဲ့ မိသားစုနေအိမ်ဟာ အနားက အိမ်တွေနဲ့ အလှမ်းဝေးတယ်။ အရှေ့ဘက်အိမ်နဲ့ ၆၅ ပေလောက်ကွာဝေးပြီး အိမ်ရဲ့ ဝဲဘက်အိမ်က ပေ ၁၅၀ လောက်ဝေးတဲ့ အတွက် တော်ရုံတန်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်တာကို သာမန်အနေအထားအရ ကြားရဖို့ မလွယ်ဘူးလို့ ရဲက ပြောပါတယ်။

အသတ်ခံရတဲ့ ရဲဝန်ထမ်းဟောင်း ကိုစိုးနောင်နဲ့ ပတ်သက်ဆက်စပ်သူတွေ၊ သေဆုံးသူ ကိုစိုးနောင် တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်တုန်းက ပတ်သက်ဆက်နွှယ်ခဲ့သူတွေ၊ လူမှုရေးအရ ပတ်သက်ဆက်နွှယ်သူ ၆၂ ဦးကို ရဲက စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

တခါ သေဆုံးသူ မချယ်ရီပွင့်ရဲ့ တယ်လီဖုန်းထဲက ဓာတ်ပုံ သုံးပုံပါ မသင်္ကာသူ လူ ၃ ဦးကို အပူတပြင်းရှာဖွေနေပြီး ပြည်နယ်တိုင်းအသီးသီးက ရဲတပ်ဖွဲ့ထံ စုံစမ်းဖော်ထုတ်ပေးနိုင်ဖို့ ပေးပို့ထားတယ်လို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်သူတွေ သတင်းပေးလိုရင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဖုန်း-၀၁-၂၃၂၃၁၉၉၊၀၁-၂၃၀၁၆၄၆၊ ၀၁-၂၃၀၀၇၄၇ ကို ဆက်သွယ် သတင်းပေးကြပါလို့ မေတ္တာရပ်ခံထားပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့ နယ် ရွှေနံ့သာကျေးရွာမှာ မိသားစုလေးဦး တစ်ပြိုင်တည်း အသတ်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013