DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့လယ်ခေါင်တွင် နေ့ခင်းကြောင်တောင် ဓားထိုးလုယက်
DVB
·
September 7, 2016
မန္တလေးမြို့လယ်ခေါင်တွင် နေ့ခင်းကြောင်တောင် ဓားထိုးလုယက်
Donate to DVB

စက်တင်ဘာ ၆ ရက် မနက် ၁၁ နာရီကျော်က မန္တလေးမြို့လယ်ခေါင်မှာ ဓားထိုးလုယက်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အကွက် ၅၄၊ တောင်တလုံးရပ်ကွက်က အိမ်ရှင် ဒေါ်နီနီအောင်ကို အလုပ်သမားဖြစ်ခဲ့ဖူးသူ သူရိန် (ခ) ကျော်မင်းအောင်နဲ့ အဖော်တဦးတို့က ဓားထိုးလုယက်မှု ဖြစ်ခဲ့တာပါ။

“ရင်ညွန့် ၂ ချက်ရှိတယ်။ နို့အုံအောက်တချက်၊ လက်မောင်းမှာတချက်၊ အခုတွေ့ခဲ့တာပေါ့။ မျက်လုံးကတော့ ဖွင့်လို့မရဘူး။ မျက်လုံးကတချက်။ ခေါင်းထိတယ်ပြောတယ်။ ဆံပင်တွေနဲ့ဆိုတော့ မမြင်ရဘူး” လို့ အခင်းဖြစ်ပွားတဲ့ ဒေါ်နီနီအောင်ရဲ့ အိမ်နီးချင်း ကိုရဲဝင်းအောင်က ပြောပါတယ်။

အိမ်နီးချင်းတဦးဖြစ်သူ ဒေါ်ချိုချိုကလည်း “မျက်လုံးကြီးတဘက်က ညိုမည်းနေတာပဲ၊ သပြေသီးကြီးလိုပဲ။ ဆံပင်ကြီးကလည်း စုတ်ဖွားကြီးနဲ့ ဓားဒဏ်ရာတွေနဲ့ ရင်ဘတ်ကြီးဖိထားတာ။ ဓားမြှောင်ကလည်း ဘေးမှာကျနေတာ။ သွေးစက်တွေကလည်း တလမ်းလုံးပဲ ဒီအပေါက်ဝတွေရော” လို့ ပြောပါတယ်။

တရားခံသူရိန်ဟာ အရင်က အိမ်ရှင် ဒေါ်နီနီအောင်ရဲ့ အလုပ်သမားတဦးဖြစ်ပြီး အခုလို လုယက်မှုမဖြစ်ခင် တလခွဲခန့်ကမှ အလုပ်က အထုတ်ခံထားရတာလည်း ဖြစ်ပါတယ်။

အမှတ် ၄ စခန်းမှူး ရဲအုပ်မြတ်ကျော်သူက အခင်းဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး “အသင့်ပါတဲ့ ဓားနဲ့ပေါ့၊ ၄ ချက် ထိုးပြီးတော့ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ဆွဲကြိုးကို ယူပြီးတော့ ထွက်ပြေးသွားတယ်။ လက်ရှိအနေအထားကတော့ ကျနော်တို့ တရားခံဖမ်းဖို့ နယ်ထိန်းအဖွဲ့တွေနဲ့ အမှုကူပေါ့၊ ခရိုင်/တိုင်း ပေါင်းပြီးတော့ တရားခံတွေ ရှိတဲ့နေရာကို လိုက်နေတာ။ တရားခံကတော့ သူ့တပည့်ဖြစ်တဲ့အတွက် ပေါ်ပေါက်ပြီးသားပါ။ ပေါ်ပေါက်ပြီးသားဖြစ်တဲ့အတွက် အမြန်ဆုံးဖမ်းရအောင် ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ သူရိန် (ခ) ကျော်မင်းအောင်နဲ့ အဖော်တို့ဟာ လုယက်ပြီးနောက် ဆိုင်ကယ်နဲ့ ထွက်ပြေးစဉ် ယာဉ်တိုက်မှုဖြစ်ပြီး အဓိကကျူးလွန်သူ သူရိန် (ခ) ကျော်မင်းအောင်ကို ဒဏ်ရာနဲ့ ဖမ်းမိခဲ့ကာ ကျန်တဦးကတော့ လွတ်မြောက်သွားတယ်လို့ အစိုးရ ပြန်ကြားရေးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

အခုဖြစ်စဉ်ဟာ အောင်မြေသာစံမြို့နယ်အတွင်းမှာ ပထမဦးဆုံးနဲ့ အကြီးမားဆုံးဖြစ်ပြီး တရားခံ ၂ ဦးကို ပ-၁၇၃၊ ပုဒ်မ ၃၉၄ နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013