DVB Logo
Home
မြန်မာသတင်း
မှုခင်းများပေါ်ပေါက်ရေး ပြည်သူနှင့်ရဲ ပူးပေါင်းရန် အရေးကြီးဟု ရဲအရာရှိများပြော
DVB
·
September 7, 2016
မှုခင်းများပေါ်ပေါက်ရေး ပြည်သူနှင့်ရဲ ပူးပေါင်းရန် အရေးကြီးဟု ရဲအရာရှိများပြော
Donate to DVB

မှုခင်း ၁၀၀ မှာ ၉၀ လောက်က ပြည်သူတွေ ပူးပေါင်းဖော်ထုတ်ခဲ့တာပါလို့ ရဲအရာရှိတွေက ပြောပါတယ်။

ပေါ်ပေါက်တဲ့ မှုခင်းတွေမှာလည်း ရဲတွေရဲ့ ဆောင်ရွက်မှုက ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သူတို့က ဆိုပါတယ်။

“ပြည်သူတွေပါဝင်မှ အောင်ပွဲရတယ်ဆိုတဲ့အတိုင်းပဲ ကျနော်တို့ မှုခင်းတွေ ဖော်ထုတ်တဲ့အခါ ၉၀ ရာခိုင်နှုန်းက ပြည်သူတွေ ပါဝင်ပူးပေါင်းပြီးတော့မှ အောင်မြင်တာ။ ၁၀ ရာခိုင်နှုန်းက ရဲအစွမ်းအစနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” လို့ ရဲမှူးသိန်းအောင်က ပြောပါတယ်။

ပြည်သူအခြေပြုတဲ့ ရဲလုပ်ငန်းဟာ ပွင့်လင်းပြီး ပြည်သူတွေ စိတ်ကြည်လင်စေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီအတွက် အောက်ခြေအဆင့်မှာ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ်နဲ့ ပတ်သက်ပြီး လေ့ကျင့်သင်တန်းတွေ ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် အထက်အရာရှိတွေမှာ ဒါနဲ့ပတ်သက်တဲ့ သိနားလည်မှု လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဒု-ရဲမှူး မိမိအေးကလည်း “ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အခါ ဘယ်လိုအနေအထားနဲ့၊ ဘယ်လိုယဉ်ကျေးသိမ်မွေ့ရမယ် စတဲ့ အကြောင်းအရာတွေကို ပို့ချမှာ ဖြစ်ပါတယ်။ ရဲလုပ်ငန်းမှ ပြည်သူတွေ ပူးပေါင်းပါဝင်လာဖို့အတွက် အဓိကကျတာသည် ကျမတို့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆက်ဆံရေး ဖြစ်တယ်လို့ ကျမထင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့သင်္ကြန်မှာ ရဲတွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကြောင့် ရဲတွေအပေါ် နားလည်မှု ပိုလာတဲ့အပြင် ပိုပြီး ယုံကြည်လာတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မကြာသေးခင်ကာလကစပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ပြည်သူတွေနဲ့ ပိုပြီး နီးစပ် နားလည်လာအောင် ကြိုးပမ်းဆောင်ရွက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013