DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်၊ ၂ ဦးသေဆုံး ရဲတပ်ဖွဲ့ဝင်အပါအ၀င် ၈ ဦး ဒဏ်ရာရ
DVB
·
September 6, 2016
ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်၊ ၂ ဦးသေဆုံး ရဲတပ်ဖွဲ့ဝင်အပါအ၀င် ၈ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း နာရသီဝပ်ခရိုင် တာဘိုင်မြို့ ကျေ့ဟေရပ်ကွက်ရှိ စာသင်ကျောင်း တကျောင်းရှေ့မှာ ဒီကနေ့မနက် ၈ နာရီ ၂၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။

မသမာသူတွေက ဗုံးကို ကျောင်းရှေ့အမှိုက်ဗုံးထဲ ထားသွားခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က ယာဉ် အသွားအလာနဲ့ လုံခြုံရေးယူနေချိန်၊ အုပ်ထိန်းသူတွေက ကလေးတွေကို ကျောင်းလာပို့တဲ့ အချိ န်မှာ ပေါက်ကွဲခဲ့တာလို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တဦးက သတင်းထောက်ကို ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မူကြိုတန်းမိန်းကလေးငယ်တဦးနဲ့ သူ့ဖခင်တို့သေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီး တဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၄ ဦးနဲ့ ပြည်သူ ၄ ဦး (အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦး)တို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင် ပြီးခဲ့တဲ့ စနေနေ့ကလည်း ထိုင်းတောင်ပိုင်း ပတ္တနီခရိုင် ခုတ်ဖိုးထိမြို့နယ် ယွဲ့ဘန်းနိ ခုမ်းရထားဘူတာရုံအနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွာပြီး ဘန်ကောက် - ဆုငိုင်ကို - လုတ်မြို့နယ်သို့ ပြေးဆွဲနေတဲ့ ရထား အတွဲအမှတ် ၁၇၆ ပျက်စီးခဲ့ရပါတယ်။

အဲဒီနောက်ပိုင်း တောင်ပိုင်းဒေသ လုံခြုံရေးတိုးမြှင့်တဲ့အနေနဲ့ မီးရထားဌာနမှ ထိုင်းတောင်ပိုင်းရှိ ဘူတာရုံပေါင်း ၂၇ ခုကို ယာယီပိတ်ထားလိုက်တယ်လို့ ထိုင်းပီဘီအက်စ်ရုပ်သံသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013