DVB Logo
Home
မြန်မာသတင်း
ယာဉ်မတော်တဆမှုလျှော့ချရေး ရုရှားအမျိုးသမီးများ အပေါ်ပိုင်းဗလာကျင်းဖြင့် ဆိုင်းဘုတ်ကိုင် လှုံ့ဆော် (ရုပ်သံ)
DVB
·
September 6, 2016
ယာဉ်မတော်တဆမှုလျှော့ချရေး ရုရှားအမျိုးသမီးများ အပေါ်ပိုင်းဗလာကျင်းဖြင့် ဆိုင်းဘုတ်ကိုင် လှုံ့ဆော် (ရုပ်သံ)
Donate to DVB

ရုရှားနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေဖြစ်ပွားမှု လျော့နည်းလာစေဖို့အတွက် အပေါ်ပိုင်း ဗလာကျင်းထားတဲ့ အမျိုးသမီးတွေဟာ လမ်းမပေါ်မှာ အရှိန်လျှော့ဆိုင်း ဘုတ်တွေကိုင်ပြီး လှုပ်ရှားခဲ့ကြပါတယ်။

ရုရှားနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် လူပေါင်း ၃ သောင်း လောက် သေဆုံးနေကြတာဖြစ်တဲ့အတွက် ခုလိုဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး လှုံ့ဆော်တာကနေ အသိပညာမျှဝေပေးနိုင်ဖို့ ရည်ရွယ်တာပါ။

အဆိုပါအမျိုးသမီးတွေဟာ ၆၀ ကီလိုမီတာနဲပ ၄၀ ကီလိုမီတာသာ မောင်းနှင်ရမယ့် အရှိန်လျှော့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး လှုပ်ရှားခဲ့ကြတာကို ရုပ်သံဗွီဒီယို ဖိုင်ထဲမှာ တွေ့ရပါတယ်။
ဒီအကြံကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က စတင်ခဲ့ဖူးပြီး ခုတကျော့ပြန် လှုပ်ရှားမှုစ တင်တာဖြစ်တယ်လို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။

ဒါဟာ ရုရှားနိုင်ငံမှာ အရှိန်မြှင့်မောင်းနှင်တဲ့ကားမောင်းသွူေဟာ အမျိုးသားအများ စုဖြစ်တာမို့ လမ်းမပေါ်မှာ အမျိုးသမီးတွေနဲ့ ခုလိုဘေးအန္တရာယ်ကင်းစေရေးအတွက် လှုပ်ရှားစေတာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်သူ အမျိုးသမီးတဦးကတော့ “လမ်းက ဖြတ်မောင်းသွားကြတဲ့ ယာဉ်မောင်းတချို့က ကျမတို့ကို အော်ပြောသွားကြတယ်။ ဘာလို့ ခုလိုလမ်းလျှောက် နေရတာလဲလို့ပေါ့။ တချို့ကတော့ (ကျမတို့ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကြောင့်) အရှိန် လျှော့မောင်းသွားကြတယ်”လို့ ပြောပါတယ်။

ယာဉ်မောင်းအမျိုးသားတဦးကတော့ “ဒါ အရမ်းကို အံ့သြစရာကောင်းတာပဲ။ လမ်းတွေပေါ်မှာ ခုလိုမျိုး များများမြင်ချင်ပါတယ်။ ကျနော် လမ်းအရှိန်လျှော့ ဆိုင်းဘုတ် တွေကိုမြင်တော့ ပိုသတိရှိလာပါတယ်။ တခြားယာဉ်မောင်းတွေကိုလည်း ပြန်မျှဝေသွား မှာပါ”လို့ ပြောပါတယ်။

နိုင်ငံတကာမှ အခြေအနေတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ရုရှားနိုင်ငံမှ လမ်းတွေဟာ အဆိုးဝါးဆုံးနဲ့ အန္တရာယ်အရှိဆုံးဖြစ်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013