DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်း၌ ထော်လာဂျီယာဉ်မြစ်ထဲလျှောကျ၊ လူ ၂ ဦး ရေထဲမျောပါပျောက်ဆုံး
DVB
·
September 5, 2016
နမ့်ခမ်း၌ ထော်လာဂျီယာဉ်မြစ်ထဲလျှောကျ၊ လူ ၂ ဦး ရေထဲမျောပါပျောက်ဆုံး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ရှိ  ကူးတို့ဆိပ်တစ်ခုမှာ စက်တင်ဘာ ၄ ရက် က စက်လှေပေါ်တင်လာတဲ့ ထော်လာဂျီယာဉ်တစီး ရွှေလီမြစ်ထဲ လျောကျပြီး လူ ၂ဦး ရေထဲမျောပါ ပျောက်ဆုံးနေပါတယ်။

နမ့်ခမ်းမြို့ တဲန်မရပ်ကွက်နေ စိုင်းကျော်လှ (အသက် ၄၈ နှစ်)ဟာ  ၄င်းပိုင်ထော်လဂျီ ကားတစ်စီးကို တရုတ်ပြည်ဘက်ခြမ်း နောင်တောင်းရွာမှ မြန်မာဘက်ခြမ်း နမ့်ခမ်းမြို့သို့    ရွှေလီမြစ်ကူး ကူးတို့ စက်လှေနဲ့ သယ်ဆောင်ရာမှာ ထော်လဂျီကား တိမ်းစောင်းပြီး စက်လှေပေါ်မှပြုတ်ကျသွားခဲ့တာပါ။

စိုင်းကျော်လှရော စက်လှေပဲ့နင်းပါ ရေထဲပြုတ်ကျ မျောပါသွားတယ်လို့  စိုင်းကျော်လှနဲ့ ဆွေမျိုးတော်စပ်သူ စိုင်းထွန်းလှိုင်က ပြောပါတယ်။

“စိုင်းကျော်လှက သူ့ထော်လဂျီကို စက်လှေပေါ်တင်လာပြီး သူကတော့ ရိုးရိုးလှေဘဲ စီးလာ တာပါ၊ မန့်ဟောင်းကူးတို့ဆိပ်ရောက်မှ သူကထော်လဂျီကို ကုန်းပေါ်တင်မလို့ တက်မောင်းတာ၊ အခန့်မသင့်တော့ ထော်လဂျီက တဘက်ကိုစောင်းသွားပြီး စက်လှေရဲ့ဘောင်ပေါ် အရင်ပိ ကျတယ်။ စက်လှေဘောင်နားမှာ သူ့ကိုလမ်းပြပေးနေတဲ့  ပဲ့နင်းကရှိနေတော့ အဲဒီပဲ့နင်းပေါ်ကိုပါ ထော်လဂျီက ပိသွားပြီး ရေထဲပြုတ်ကျသွားတာ။  သူတို့ ကျသွားတဲ့အချိန်က ညနေ ၃ နာရီကျော်၊ ဒီနေ့ထိ ရှာလို့မတွေ့သေးဘူး။ တခြားသူတွေလည်း ရှာနေကြတယ်။ ကျနော်ဆို ငါးဖမ်းလှေ ၄ စီးငှားပြီးရှာခိုင်းတယ်၊ မတွေ့ဘူး။  အဲဒီနားက ရေနက်တယ်။ မိုးတွင်းဆို ရေစီးက သိပ်သန်တော့၊ ပြန်တွေ့ရင်လည်း  အသက်ရှင်မယ်မထင်လို့ ကျန်ရစ်သူမိသားစုတွေက သူတို့အတွက် ဆွမ်း သွပ်ပေးဖို့ လုပ်နေကြတယ်။”

ရေထဲကျသွားတဲ့ စက်လှေပဲ့နင်းမှာ အသက် ၂၀ ကျော်အရွယ်ရှိ ကိုမိုးကျော် ဆိုသူဖြစ်ပြီး နမ့်ဆန်မြို့နယ်မှ လာရောက်အလုပ်လုပ်နေသူဖြစ်တယ်လို့ ဆိုပါတယ်။

စိုင်းကျော်လှဟာ ထော်လဂျီပေါ်မှာ ပျဉ်ပြားတွေအပြည့်တင်ဆောင်လာကြောင်း၊ အခုလိုဖြစ်ရ တာဟာ သူတင်လာတဲ့ စက်လှေဟာ ရိုးရိုးကုန်တင်စက်လှေသာဖြစ်တဲ့အတွက် ထော်လဂျီ အနည်းကယ်တိမ်းစောင်းတာနဲ့ ဟန်ချက်ထိန်းနိုင်ဘဲ လဲကျသွားခဲ့တာဖြစ်ကြောင်း၊ စက်လှေပေါ် မှာလည်း အသက်ကယ်ဘော တစုံတရာ အသင့်ထားထားတာမရှိဘူးလို့   စိုင်းထွန်းလှိုင်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013