Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားသပိတ်က တရားလိုပြသက်သေလျော့ စစ်ဆေးမည်
အောင်ကိုကိုလတ် (နေပြည်တော်)
·
September 5, 2016
14225547_297696670604963_9169057557110385558_n
14199775_297696750604955_5943191144582389088_n
14192613_297696627271634_8948824678131085436_n
14184428_297696817271615_4597236280371339120_n
စစ်ကိုင်းအလုပ်သမားသပိတ်က တရားလိုပြ သက်သေတွေကို စက်တင်ဘာ ၅ ရက်နေ့မှာ စတင်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ စစ်ကိုင်းအလုပ်သမားသပိတ် ရုံးထုတ်စစ်ဆေးတာဟာ (၉) ကြိမ်မြောက် ရုံးထုတ်စစ်ဆေးတာဖြစ်ပြီး တရားလိုပြ သက်သေ ၃ ဦးကို ဒီနေ့ စစ်ဆေးခဲ့တာပါ။ "မီးသတ်ဦးစီးမှူး၊ တပ်ကုန်း ထွေ/အုပ်နဲ့ ဥတ္တရ ဒုခရိုင်မှူးစစ်ဆေးခဲ့တာပေါ့ တရားလိုပြ သက်သေက သက်သေခိုင်လုံအောင် သက်သေတွေများကြီးတင်ထားတယ်။ (တရားလိုပြ သက်သေ) စစ်ချက်တွေတူနေတော့ နည်းနိုင်သမျှနည်းအောင် ညှိထားတယ်"လို့ တပ်ကုန်းမြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦးက ပြောဆိုခဲ့ပါတယ်။ သက်သေခိုင်လုံမှုရှိအောင် တရားလိုဘက်က သက်သေ ၃၂ ဦးကို တင်သွင်းထားတယ်လို့ သိရပါတယ်။ နောက်တစ်ကြိမ်ထုတ် စစ်ဆေးမှုကို စက်တင်ဘာလ ၁၄ ရက်နေ့ ချိန်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024