DVB Logo
Home
မြန်မာသတင်း
ချောင်းဦးမြို့နယ်တွင် အမျိုးအမည်မသိရောဂါဖြစ်ပွားပြီ နွားများသေဆုံးနေ
DVB
·
September 5, 2016
ချောင်းဦးမြို့နယ်တွင်  အမျိုးအမည်မသိရောဂါဖြစ်ပွားပြီ  နွားများသေဆုံးနေ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာမှာ အမျိုးအမည်မသိရောဂါတမျိုး ဖြစ်ပွားပြီး နွားတွေသေဆုံးမှုရှိနေသလို ရောဂါဖြစ်တဲ့နွားတွေကို ထိမိကိုင်မိတဲ့ ရွာသားတချို့ လည်း အနာရောဂါတွေဖြစ်ပွားလို့ ဆေးကုမှုခံယူနေရတယ်လို့ ဒေသန္တရအုပ်ချုပ်ရေးက ပြောပါတယ်။

သေဆုံးနွားတွေကို ကိုင်တဲ့သူတွေဟာလည်း အရေးပြားမှာ သွေးခြေဥလို နီညိုရောင်သန်းကာ ရောင်ကိုင်းလာတဲ့အတွက် လက်ရှိ ဆေးကုသမှု ခံယူနေကြရတယ်လို့ သုံးပန်လှကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ပြောပါတယ်။

“ရောဂါဖြစ်တဲ့နွားတွေကို ကိုင်ရာကနေဖြစ်တာ။ စားတဲ့လူတွေမဖြစ်ဘူး။ ကိုင်တဲ့လူတွေဖြစ်တာ။ ရောဂါဖြစ်တာက ဒီနေ့ ၂ ယောက်တိုးတယ်။ ၇ ယောက်ပေါ့။ အခုသေတဲ့နွားတွေက မိုးဦးကျဆိုတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတို့ဖြစ်တယ်။ သေတဲ့နွားတွေက ကာကွယ်ဆေး မထိုးတဲ့ နွားတွေ သေတာများတယ်။ အဓိကတော့ သွေးကနေဖြစ်တယ်လို့ပြောတယ်။ လူတွေက ကိုင်လည်းကိုင်တယ် စားလည်းစားတယ်။ အဓိကကတော့ ကိုင်တဲ့လူတွေ အနာဖြစ်တာ။ အနာတွေက တပတ်စေ့လို အနာရင်းနေတဲ့ သူတွေကျတော့ နှစ်လက်မ၊ သုံး လက်မလောက် အနာတွေဖြစ်နေတာပေါ့။ လက်ကောက်ဝတ်တို့၊ လက်ဖျံ ပေါ် အဲလိုတွေ ဖြစ်နေတာ။

သြဂုတ် ၁၈ ရက်နေ့ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ သုံးပန်လှရွာမှာ ရောဂါကြောင့် နွား ၈ ကောင်သေဆုံးသွားတယ်လို့လည်း အုပ်ချုပ်ရေးမှူးဦးကျော်ခိုင်က ပြောပါတယ်။

အခုလို နွားတွေသေဆုံးမှုနဲ့ လူတွေရောဂါဖြစ်တာနဲ့ပတ်သက်လို့ သုံပန်လှကျေးရွာက ကျန်းမာရေးမှူးကတော့ အနာပေါက်တာဆိုပေမယ့် ရောဂါ ကြီးကြီးကျယ်ကျယ်ဖြစ်တာမျိုး မရှိဘူးလို့ ပြောပါတယ်။

“ရောဂါလက္ခဏာက အဲလောက်ကြီး ကြီးကြီးကျယ်ကျယ်မရှိဘူး။ အနာပေါက်တယ်ဆိုတော ဟိုလို အနာကြီးလည်း မဟုတ်ဘူးရှင့် သေးသေးကလေးလေးတွေပဲဖြစ်တာ။ အဲလောက်ကြီး မဟုတ်ဘူး ရှင်။ ”

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ တိုင်းကျန်းမာရေးဌာနက သွားရောက်စစ်ဆေးခဲ့ပြီး ဓာတ်ခွဲခန်းကို စစ်ဆေးဖို့ လုပ်ဆောင်နေပါတယ်။

ဩဂုတ် ၂၇ ရက်နေ့ကလည်း ဘုတလင်မြို့နယ်မှာ သေဆုံးနွားသားစားရာမှ ၂၉ ရက်နေ့မှာ အမျိုးသား တဦးသေဆုံးခဲ့ပြီး အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ မုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူခဲ့ရပါတယ်။

ဒါပေမယ့် အဆိုပါ လူ ၁ ဦးသေဆုံးမှုနဲ့ နွားသားစားမှု တိုက်ရိုက်ဆက်စပ်မှုရှိမရှိဆိုတာကတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီက အတည်ပြုချက်မရရှိသေးပါဘူး။

သေဆုံးနွားတွေနဲ့ပတ်သက်ပြီး ထူးခြားတဲ့ရောဂါလက္ခဏာမတွေ့ရဘဲ တချို့နွားတွေမှာတော့ ဗိုက်ကယ်တာ၊ အူထဲသွေးခဲတာ၊ အဆုတ်ကြီးတာတွေတွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဘုတလင်မြို့နယ်မှာဖြစ်တဲ့ ရောဂါလက္ခဏာက ဒေါင့်သန်းရောဂါလို့ တိမွေးကုက သိရပြီး ချောင်းဦးနယ် သုံးပန်လှရွာကတော့ ရောဂါရှာဖွေဆဲဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သုံးပန်လှရွာမှာတော့ နွားသားစားခဲ့သူတွေကို ခေါ်ယူပြီး ကျန်းမာရေးစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

သတင်း၊ ဓာတ်ပုံ - အောင်ကိုလတ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013