DVB Logo
Home
မြန်မာသတင်း
ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၅၃၂ သန်း သုံးစွဲဆောင်ရွက်နေ
DVB
·
September 5, 2016
ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၅၃၂ သန်း သုံးစွဲဆောင်ရွက်နေ
Donate to DVB

၈ နှစ်အတွင်း ကန်ဒေါ်လာ ၅၃၂ သန်းနဲ့ မြို့နယ် ၆၃ မြို့နယ်က ကျေးရွာတွေမှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

ဖွံ့ဖြိုးရေးလုပ်ငန်းတွေထဲမှာ လမ်း၊ တံတား၊ ရေရှိရေး၊ မီးလင်းရေး၊ စာသင်ကျောင်း၊ ကျေးရွာခန်းမ၊ စာကြည့်တိုက်နဲ့ အခြားဒေသဖွံ့ဖြိုးမှု လုပ်ငန်းတွေပါဝင်တာပါ။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးလုပ်ငန်းစဉ်တွေကို ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ၂၀၁၃ ခုနှစ်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၅ ခုက မြို့နယ်တွေမှာ စီမံကိန်းတွေချမှတ်ပြီး ဆောင်ရွက်ခဲ့တာပါ။

အဲ့ဒီ စီမံကိန်းအောင်မြင်မှုကြောင့် ကမ္ဘာ့ဘဏ်ကချေးငွေ ကန် ဒေါ်လာ ၄၂၂ သန်း၊ နိုင်ငံတော်က (၁ နှစ်ကို ကန် ဒေါ်လာ ၅ သန်း) ၆ နှစ်စာ ကန်ဒေါ်လာ သန်း ၃၀ နဲ့ စုစုပေါင်း ကန်ဒေါ်လာ ၅၃၂ သန်းဖြင့် မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းကာလကို ၂၀၁၃ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ သတ်မှတ်ထားခဲ့တာပါ။
ပထမနှစ်ဝက် (၂၀၁၃ - ၂၀၁၄) စီမံကိန်းမှာ ကျေးရွာအုပ်စု ၇၂ စုထဲက ကျေးရွာပေါင်း ၃၉၁ ရွာမှာ ကျပ်သန်း ၁၅၆၆.၇၁၂ ထောက်ပံ့ခဲ့ပြီး ဒုတိယ နှစ်ဝက် (၂၀၁၄ - ၂၀၁၅) စီမံကိန်းမှာ ကျေးရွာအုပ်စု ၃၄၃ စုက ကျေးရွာပေါင်း ၁၆၈၉ ရွာကို ထောက်ပံငွေ ကျပ်သန်း ၁၀၂၄၀ နဲ့ တတိယ နှစ်ဝက် (၂၀၁၅ -၂၀၁၆) စီမံကိန်းမှာ ကျေးရွာအုပ်စု ၁၁၃၃ စုက ကျေးရွာပေါင်း ၅၀၈၇ ရွာကို ကျေပ်သန်း ၃၉၂၁၅.၅၆၅ ကျပ် ထောက်ပံပေးခဲ့တယ်လို့ အဲ့ဒီ ဦးစီးဌာနက သိရတာပါ။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးများဖိုရမ်ကို စက်တင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကို INGO, NGO နဲ့ ဌာနရဲ့ မြို့နယ်ကျေးရွာတွေက တာဝန်ရှိသူတွေ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013