DVB Logo
Home
မြန်မာသတင်း
ငလျင်သင့် ပုဂံဘုရား ရှင်းလင်းရေး လူထောင်ချီလုပ်နေ၊ စီမံမှုပိုင်း အားနည်းဟုဆို
DVB
·
September 4, 2016
ငလျင်သင့် ပုဂံဘုရား ရှင်းလင်းရေး လူထောင်ချီလုပ်နေ၊ စီမံမှုပိုင်း အားနည်းဟုဆို
1 / 13
Donate to DVB

မန္တလေးတိုင်း၊ ပုဂံဘုရားတွေ ရှင်းလင်းရေးလုပ်ငန်းမှာ အနယ်အနယ်အရပ်ရပ်က စေတနာရှင် လုပ်အားရှင်တွေ ထောင်နဲ့ချီ ရောက်ရှိလုပ်အားပေးနေကြပြီး သက်ဆိုင်ရာက စီမံခန့်ခွဲမှုအပိုင်း အားနည်းနေတယ်လို့ လုပ်အားပေးအဖွဲ့တွေက ပြောပါတယ်။

ပုဂံရှေးဟောင်းသုတေသနဌာနက ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးသိန်းလွင်က ထိခိုက်ပျက်စီးသွားတဲ့ ဘုရားစေတီပုထိုးတွေမှာ ရှင်းလင်းရေးလုပ်ဖို့ ၂ လလောက် အချိန်ယူ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

“၂ လလောက်၊ ၃လ လောက်ကြာမယ်။ ခဲ၊ သဲ ရှင်းတဲ့လုပ်ငန်းက လွယ်မလိုလိုနဲ့ ခဲ၊ သဲ ရှင်းရနဲ့ပဲ ၀ုန်းဆို ပြိုသွားမလား၊ ဒါမျိုးတွေ ကျနော်တို့ ဖြည်းဖြည်းချင်း လုပ်နေရတယ်။ အခု ဒီမှာ စုဌာမဏိစေတီဆိုရင် နေ့စဉ် လုပ်အားပေးလာတဲ့သူ အင်အား ၈၀၀ လောက်နဲ့ လုပ်နေတာတောင်မှ တနေ့မှ တတန်လောက်ပဲ၊ တတန်တောင် မပြည့်ချင်ဘူး၊ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ကြရတာကိုး၊ ဟိုး ထိပ်ကနေပြီးတော့။”

ပုဂံဒေသမှာ ယူနက်စကိုနဲ့ ထိုင်းက ပညာရှင် စုစုပေါင်း ၁၅ ဦးလောက် ရောက်ရှိ စစ်ဆေးလုပ်ဆောင်ပေးနေကြတယ်လို့လည်း ပြောပါတယ်။

ပုဂံဘုရားရှင်းလင်းရေးလုပ်နေတဲ့ မန္တလေးက စိမ်းရောင်စိုနဲ့သဘာဝစိမ်းအဖွဲ့က ဦးမောင်မောင်ဦးကတော့ သက်ဆိုင်ရာပိုင်းက ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု လိုနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

“ဒီနေ့ဆိုရင် တွေ့ရတာ လှည်းကူး၊ မှော်ဘီ၊ အောက်ပိုင်း တခွင်။ အထက်ကဆို ဆိပ်ဖြူ၊မုံရွာ၊ ဘူးကိုင်း၊ အများကြီးပဲဗျ။ လုပ်ငန်းတွေကို ပစ်ပြီးတော့ ပုဂံမှာ လာကူနေကြတာ။ ကိုယ့်စရိတ်ကိုယ်စား၊ နေထိုင်ဖို့ကအစ ကိုယ့်ဘာသာနေပြီးတော့ လုပ်နေကြတာ။ ဒီရတဲ့ အနေအထားမှာ ဒီအင်အားတွေကို ကောင်းကောင်းမွန်မွန် အသုံးပြုစေချင်တယ်။ အဲ့ဒါတွေအတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုပေါ့၊ ဥပမာ ဘယ်အဖွဲ့ဆို ဘယ်ကိုချိတ်ဆက်ပါ၊ ဘယ်မှာလုပ်ပါ၊ ဘာကူပါ ဆိုရင် အများကြီး အဆင်ပြနိုင်မယ်။”

နိုင်ငံတော်အဆင့် စီမံခန့်ခွဲရေးကော်မတီတရပ် ဖွဲ့စည်းလုပ်ဆောင်သင့်တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်က ပုဂံအနီးလှုပ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပုဂံရှိ ဘုရားပုထိုးစေတီပေါင်း ၃၉၇ ဆူ ထိခိုက်ပျက်စီးခဲ့ပြီး အခုတော့ ရှင်းလင်းရေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - မောင်မောင်ဦး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013