DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးစည်းဝေးပွဲ တက်မည်
DVB
·
September 4, 2016
ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးစည်းဝေးပွဲ တက်မည်
Donate to DVB

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာအိုနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာဆီယံထိပ်သီးစည်းဝေးပွဲတက်ဖို့ မကြာမီ လာအိုကိုသွားမယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲကို စက်တင်ဘာ ၆ ရက်ကနေ ၈ ရက်အထိ အာဆီယံ အလှည့်ကျ သဘာပတိ တာဝန်ယူထားတဲ့ လာအိုမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး အဲ့ဒီစည်းဝေးပွဲကို သမ္မတဦးထင်ကျော် မတက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ပဲ တက်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဆီယံထိပ်သီးစည်းဝေးပွဲနဲ့ ဆက်စပ်စည်းဝေးပွဲတွေကို ၃ ရက်ကြာ တက်ရောက်မယ်လို့ ပြောပါတယ်။

“အာဆီယံခေါင်းဆောင်တွေပါတဲ့ အစည်းအဝေး ရှိပါတယ် ပထမရက်မှာ။ ဒုတိယရက်မှာတော့ အာဆီယံနိုင်ငံတွေနဲ့ ဆွေးနွေးဘက် နိုင်ငံတွေ စည်းဝေး တက်ပါမယ်။ တတိယနေ့ကျတော့ အရှေ့အာရှထိပ်သီးညီလာခံတက်မယ်။ နောက် တခါ အာဆီယံ+၃ ဆိုတာရှိပါမယ်။ အဲ့ဒါတက်ပါမယ်၊ ၃ ရက်ပါ။”

လတ်တလောတော့ စည်းဝေးပွဲကာလအတွင်း နယူးဇီးလန်ဝန်ကြီးချုပ်၊ အိန္ဒိယ၀န်ကြီးချုပ်တို့နဲ့ တွေ့ဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု လာအိုခရီးစဉ်ဟာ ဇူလိုင်လတုန်းက လာအိုမှာပဲ ကျင်းပခဲ့တဲ့ ဒေသတွင်း အစည်းအဝေးကို နိုင်ငံခြားရေး ၀န်ကြီးအနေနဲ့ တက်ရောက်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။

မြန်မာပြည်မှာ အစိုးရသစ် တာဝန်ယူတဲ့ အချိန်ဟာ အာဆီယံ အသိုက်အ၀န်း ASEAN Community စတင်တဲ့ နှစ်နဲ့လည်း တိုက်ဆိုင်ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလတုန်းကလည်း သမ္မတ ဦးထင်ကျော်နဲ့အတူ ပထမ ဆုံး ချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာအိုနိုင်ငံကို လည်ပတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013