DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးတွင် တရားမ၀င်သစ်တင်ကားများ စစ်ဆေးရေးဂိတ်မောင်းတံကို တိုက်ပြီးထွက်ပြေး
DVB
·
September 4, 2016
ကျောက်တံခါးတွင် တရားမ၀င်သစ်တင်ကားများ စစ်ဆေးရေးဂိတ်မောင်းတံကို တိုက်ပြီးထွက်ပြေး
1 / 2
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း Check -point ရှိ သစ်တောစစ်ဆေးရေးဂိတ်ကို တရားမဝင်သစ်သားတွေ တင်ဆောင်လာတယ်လို့ ယူဆရတဲ့ ယာဉ်တွေက စစ်ဆေးရေးဂိတ် မောင်းတံတခါးကို ဝင်တိုက်ဖျက်ဆီးပြီး မောင်းပြေးသွားခဲ့လို့ သစ်တောရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာရသွားပါတယ်။

စက်တင်ဘာလ ၃ ရက်နေ့ မ်နက် ၆ နာရီလောက် သစ်တော စစ်ဆေးရေးဂိတ်မှာ သစ်တောရဲတပ်ဖွဲဝင်တွေနဲ့ သစ်တောဌာနမှ တာဝန်ရှိသူတွေက ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးရဲ့ အနောက်ဘက်မင်းလှ-စိန်ကန့်လန့်-သရက်စိန်လမ်းဘက်မှ မောင်းနှင်လာတဲ့ ဖေကား (မြေသယ်ကား) ၅ စီးနဲ့ Carstan ၁ စီးတို့ကို ရပ်တန့်ခိုင်းပြီးစစ်ဆေးရာ ရပ်တန့်မပေးဘဲ မောင်းတံတခါးအား တိုက်ပြီး မောင်ပြေးကြောင်၊ ကားတွေနဲ့အတူ ဆိုင်ကယ် ၆ စီးလောက်လည်း မောင်းပြေးသွားတယ်လို့ သစ်တောဦးစီး တာဝန်ရှိသူတဦးက ပြောပါတယ်။

မောင်းတံတခါးအားတိုက်ပြီး မောင်းပြေးသောကြောင့် သစ်တောရဲတပ်ဖွဲ့ဝင် တဦးလည်း လက်မှာဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ဖြစ်တာကတော့ဗျာ ကျနော်တို့က ဂိတ်ကို ညခြောက်နာရီကနေ မနက်ခြောက်နာရီအထိ ပိတ်တယ်။ မနက်ကတော့ ဂိတ်ပိတ်ထားပြီး စစ်ဆေးနေတုန်း ဖြစ်သွားတာ။ သစ်တောက ရဲတပ်ဖွဲ့ဝင်တယောက် ဒဏ်ရာရတယ်။ ဒီဖြစ်စဉ်ကို အခု ဖဒိုရဲတပ်ဖွဲ့စခန်းမှာ အမှုဖွင့်နေပါတယ်” လို့ ကျောက်တံခါး သစ်တောဦးစီဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

14203307_977484125707988_3637860892234777085_nကျောက်တံခါးမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကလည်း အခုလိုဖြစ်စဉ်မျိုး ဖြစ်ပွားခဲဖူးပြီး တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့ဖူးပါတယ်။

သတင်း ကျော်အောင်( ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013