
ကျွန်းသစ်ခွဲသား ဆိုဒ်စုံ သယ်ဆောင်လာတဲ့ ပုံစံပြောင်း မော်တော်ယာဉ် ၄ စီးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဖမ်းဆီးမိခဲ့ပါတယ်။
အင်းတော်မြို့နယ် မော်လူးဒေသ၊ ဂွေ့ကြီးကျေးရွာအုပ်စု နန့်ရုံနမီးကျေးရွာ၊ ဆေးထိုးလွင်ကုန်းမှာ တရားမဝင်ကျွန်းခွဲသား တင်ဆောင်လာတဲ့ ဖော်ရှဲ ၆ ဘီး မော်တော်ယာဉ် ၄ စီးတို့ကို ပိုင်ရှင်ဆိုသူတဦးနဲ့အတူ စက်တင်ဘာ ၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်လောက်က မော်လူးဘိနယ် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်တန့်စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မော်တော်ယာဉ်မောင်းသူတွေကတော့ ထွက်ပြေးတိမ်းရှောင်သွားပြီး သစ်ပိုင်ရှင် ဦးကျော်စိုးကိုတော့ ယာဉ် ၄ စီးနဲ့အတူ ကျွန်းသားဆိုဒ်စုံ ၉၆၀ ချောင်း ၁၈.၁၈၄၆ တန်၊ အင်ကြင်း ၄ ချောင်း ၀.၁၉၃၄ တန် စုစုပေါင်း ၁၈.၁၃၇၈၀ တန်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သစ်ပိုင်ရှင်ဦးကျော်စိုးကို မော်လူးနယ်မြေရဲကင်းရဲစခန်းမှ (ပ)၅၁/၂၀၁၆ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရတယ်။
သတင်းပေးပို့သူ ခင်မောင်ဆွေ မော်လူး










