DVB Logo
Home
Lead Story
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်ရှိ (ဓာတ်ပုံ)
DVB
·
September 3, 2016
ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံ ရောက်ရှိ (ဓာတ်ပုံ)
1 / 3
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မတီက နိုင်ငံတကာအဖွဲ့ဝင် ၃ ဦးဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီဖြစ်ပါတယ်။

မစ္စတာ ကိုဖီအာနန်နဲ့ လက်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂါဆမ်ဆလမ်၊ UNAIDS အဖွဲ့အထူးအကြံပေး မစ္စလက်တီတီရာ ဗန်ဒန်အာဆမ်တို့ပါဝင်ပါတယ်။

ကိုဖီအာနန်ဟာ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၉ ရက်နေ့ထိ မြန်မာနိုင်ငံမှာ နေဖို့ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ကိုဖီအာနန်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်မှာ ဥက္ကဋ္ဌနေရာတာဝန်ယူထားပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို နိုင်ငံတကာကပညာရှင်  ၃ဦးနဲ့ ပြည်တွင်းက ပညာရှင် ၆ ဦးတို့ ပါဝင်ဖွဲ့စည်းထားတာပါ။

လတ်တလောမှာ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ရခိုင်အမျိုးသားပါတီအပါအဝင် ရခိုင်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။

ဓာတ်ပုံ - ဟိန်းကို

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013