ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် သင်တန်းသားအိပ်ဆောင် ဖောက်ထွင်းခံရ
DVB
·
September 3, 2016
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးအရှေ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)မှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက သင်တန်းသားများ သင်တန်းတက်နေစဉ် သင်တန်းသားအိပ်ဆောင် ဖောက်ထွင်းခံရကြောင်း ဖောင်ကြီးနယ်မြေ ရဲစခန်းက ပြောပါတယ်။
အရာတန်းသင်တန်း အခြေခံအပါတ်စဉ်(၂၀၂) အမျိုးသား တပ်ခွဲ ( ၃ ) ဒေါနဆောင် (အိပ်ဆောင်) ၅ မှာ ဖောက်ထွင်းခံရတာပါ။
နေ့လယ် ထမင်းစားပြီး သင်တန်းပြန်တက်တဲ့အခါမှာ ဖောက်ထွင်းခံရတာဖြစ်တယ်လို့ သင်တန်းသားတဦးက ပြောပါတယ်။
ဌာနပေါင်းစုံက သင်တန်းသားတွေရဲ့ သံသေတ္တာတွေ၊ သစ်သားသေတ္တာတွေရဲ့သော့နဲ့ ပတ္တာတွေကို ဖျက်ဆီးမွှေနှောက်ပြီး သင်တန်းသားတွေရဲ့ ငွေကြေးတွေကို အကုန် ခိုးယူသွားတယ်လို့ သင်တန်းသားကပြောပါတယ်။
ဖောက်ထွင်းခံရတဲ့ စုစုပေါင်းတန်ဖိုးမှာ ကျပ် ၄၅ သိန်းလောက်ရှိပြီး၊ ဖောင်ကြီးနယ်မြေရဲစ ခန်းမှာ ပ/၈၄ ၊ ပုဒ်မ- ၃၈၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ - ညိုထွန်း