DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်ခဲ့ခြင်းမဟုတ်ဟု ၀ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ကြေညာ
DVB
·
September 3, 2016
ငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်ခဲ့ခြင်းမဟုတ်ဟု ၀ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ကြေညာ
1 / 3
Donate to DVB

ဝပြည်နယ်အနေနဲ့ ငြိမ်းချမ်းရေးညီလာခံကို ကန့်ကွက်ခြင်း မဟုတ်ဘဲ စီစဉ်ထားတာ တရားမျှတမှု မရှိ၊ ပွင့်လင်းမြင်သာမှု မရှိတာတွေကြောင့်သာ ညီလာခံက ထွက်ခွာခဲ့ရတာလို့ ၀ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီက သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကနေ ၀ ကိုယ်စားလှယ်တွေ ထွက်ခွာခဲ့တဲ့အပေါ် အထင်အမြင်လွဲမှာစိုးလို့ ကြေညာချက်ထုတ်ပြန်ရတာဖြစ်ပြီး ၀ ပြည်နယ်အနေနဲ့ ငြိမ်းချမ်းရေးကို အသိအမှတ်ပြု ထောက်ခံတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ၀ ပြည်နယ်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တသက်တာလုံး အကြမ်းမဖက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို လေးစားချီးကျုးတယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို လေ့လာသူအဖြစ် တက်ရောက်ခဲ့တဲ့ စာရေးဆရာ သန်းစိုးနိုင်ကတော့ စီမံခန့်ခွဲရေးအပိုင်းက မှားတဲ့အမှားဆိုပေမယ့် ကြီးကျယ်တဲ့အမှားတခုလို့ သုံးသပ်ပါတယ်။

“စီမံခန့်ခွဲရေးနဲ့ ပတ်သက်တဲ့အမှား ဆိုပေမယ့် အဲ့ဒီအမှားက တော်တော်လေး ကြီးကျယ်တဲ့ အမှားပေါ့ဗျာ၊ ဘာဖြစ်လို့လဲဆိုရင် ၀ အဖွဲ့လို အင်အားကြီး လက်နက်ကိုင် အဖွဲ့တဖွဲ့ကို လေ့လာရေးအဖွဲ့အနေနဲ့ ကတ်ပြားတွေ ပေးလိုက်တဲ့အခါကျတော့ သူတို့ ဟို မ၀င်ရ၊ ဒီမ၀င်ရ၊ ဟိုမှာ မပါရ၊ ဒီမှာ မပါရတွေ ဖြစ်တဲ့အခါကျတော့ သူတို့က ခံစားမှုတော်တော်လေးဖြစ်ပြီး သူတို့ အထက်ကို တင်ပြတယ်။ သူတို့ အထက်ကလည်း ပြန်လာခဲ့လို့ ပြောလိုက်တာပေါ့။ တခုက ၀ ဘက်က ဒါဟာ သဘောထားနဲ့ လုပ်တာလို့ ခံစားသွားတယ်။ ဒီဘက်ကတော့ စီမံခန့်ခွဲရေးဆိုင်ရာ ချွတ်ယွင်းချက်လို့ သုံးသပ်ပါတယ်။”
၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်လာတဲ့ UWSA ‘၀’ ပြည်နယ်သွေးစည်း ညီညွတ်ရေးတပ်မတော်က ဆက်ဆံရေးအဖွဲ့ဟာ စက်တင်ဘာ ၁ ရက် ညီလာခံ ဒုတိယနေ့စည်းဝေးပွဲ မတက်ဘဲ ပြန်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကိစနဲ့ပတ်သက်လို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်ကလည်း ၀ ခေါင်းဆောင် ဦးပေါက်ယူချန်းထံ လိပ်မူပြီး ညီလာခံအတွင်း စီမံခန့်ခွဲမှု အားနည်ချက်အချို့ကြောင့် အဆင်မပြေ ဖြစ်ခဲ့ရတာတွေရှိခဲ့တာကို နားလည်ပေးဖို့    မေတ္တာရပ်ခံထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၀ တပ်ဖွဲ့ အပါအ၀င် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၁၇ ခုက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

1

2

3

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013