DVB Logo
Home
Lead Story
အင်းတော်မြို့နယ်တွင် မူးယစ်တရားခံပြေးကို ဘိန်းဖြူများနှင့် ဖမ်းမိ
DVB
·
September 3, 2016
အင်းတော်မြို့နယ်တွင် မူးယစ်တရားခံပြေးကို ဘိန်းဖြူများနှင့် ဖမ်းမိ
1 / 3
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နောင်မိုးကျေးရွာမှာ မူးယစ်တရားခံပြေးတဦးကို ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ဘိန်းဖြူတွေနဲ့အတူ စက်တင်ဘာ ၂ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ အင်းတော်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်ဦးက ပြောကြားခဲ့ပါတယ်။

အင်းတော်မြို့မရဲစခန်းမှူးဦးဆောင်တဲ့ တာဝန်ရှိသူတွေ နောင်မိုးရွာနေ မှူးယစ်တရားခံပြေး ရန်လင်းအောင်(ခ) မင်းစိုး(ခ)မာနော်ရဲ့ နေအိမ်ကို အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါးရှာဖွေဖမ်းဆီးခွင့် ဝရမ်းအမှတ် (၆၂/၂၀၁၆) နဲ့ ဝင်ရောက်ရှာဖွေရာ တရားခံကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အိပ်ခန်းအတွင်းရှိ ထုပ်တန်းမှာ ၀ှက်ထားတဲ့ ကျပ်သိန်း ၁၀၄၁၀၀၀၀ တန်ဖိုးရှိ ဘိန်းဖြူ  ၁၀၄ ဒသမ ၁ ဂရမ် ကျပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ လက်ဝယ်တွေ့ရှိသူ ရန်လင်းအောင်ကို အင်းတော်မြို့မရဲစခန်းမှ မယ(ပ)၆၆/၂၀၁၆ မူးစိတ်၁၅/၁၉(က) အရ အမှုဖွင့် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ရိုက်ကူး ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013