DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်၌ ဆင်တကောင် သေဆုံးနေသည်ကို တွေ့ရှိ
DVB
·
September 3, 2016
ကျောက်တံခါးမြို့နယ်၌ ဆင်တကောင် သေဆုံးနေသည်ကို တွေ့ရှိ
1 / 9
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အင်းပတ်လည်ကျေးရွာအုပ်စု အိုင်တုံးချောင်း အတွင်းမှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၀ နာရီလောက်က ဆင်တကောင် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်မှာ အိုင်တုံးချောင်းအတွင်း ဆင်တကောင်မျောပါလာကြောင်း သတင်းရလို့ ကျောက်တံခါးမြို့နယ်မှ ရဲတပ်ဖွဲဝင်တွေနဲ့ ကျောက်တံခါးမြို့နယ် သစ်တောဦးစီဌာမှ တာဝန်ရှိသူတွေ၊ ဆင်ဆရာဝန်တွေနဲ့တကွ သွားရောက်စစ်ဆေးခဲ့ပါတယ်။

စစ်ဆေးချက်အရ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် - ၈၈ မှ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ အိုင်တုံးချောင်းအတွင်းမှာ အစွယ်မထွက်သေးတဲ့ ၅ နှစ်သားအရွယ် ဆင်ထီးတကောင် သေဆုံးနေပြီး ဆင်သေအားချောင်းစပ်ကို ဆယ်ယူစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ ဆင်မှာ ရိုးရိုးရေနစ်သေဆုံးတာသာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ဆင်ကရေနစ်ပြီးသေတာပါ။ ဆင်ဆရာဝန်ကတော့ ငါနှစ်သားလောက်ရှိပြီလို့ ပြောတယ်။ မနေ့ကတော့နောက်ကျသွားလို့ ဒီနေ့မှပဲမြေမြုပ်မှာပါ" လို့ အင်းပတ်လည် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနကို ဆက်သွယ်မေးမြန်းရာ “ဆင်ဆရာဝန်ကတော့သေတာ ၅ ရက်လောက်ရှိနေပြီ ဆင်ကအထီးပေါ့။ ရိုးရိုးရေနစ်ပြီးသေတာပါ။ ဘာဒဏ်ရာမှမရှိဘူး။ ဒီနေ့တော့ ဆင်သေကိုမြေမြှုပ်မယ်။ မနေ့ ကတော့ အချိန်မမှီတော့လို့ပါ။" လို့ ပြန်လည်ဖြေကြားပါသည်။

သေဆုံးသောဆင်မှာ ၅ နှစ်သားအရွယ် အထီးဖြစ်ပြီးအရပ် ၅ ပေ ၃ လက်မ၊ ကျောအလျှား ၅ ပေ ၂ လက်မ၊ လုံးပတ်  ၆ ပေ ၅ လက်မ ရှိပါတယ်။

ကျောက်တံခါးမြို့နယ်မှာ ဇူလိုင်လကလည်း ဟန်အမျိုးအစား စွယ်စုံဆင်ထီးတကောင်မြားဒဏ်ရာနဲ့ ရေနစ် သေဆုံးခဲဖူးပါတယ်။မီးရှို့ဖျက်စီးခဲ့ရဖူးကြောင်းသိရသည်။

သတင်း ကျော်အောင် (ကညွတ်ကွင်း) ဓာတ်ပုံ ဖြိုးကိုလင်း ( ညောင်ဝိုင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013