
ကော့သောင်းမြို့မှာ စက်တင်ဘာလ ၂ နေ့ မနက် ၁၁ နာရီအချိန်လောက်က ဒီရေတက်နေချိန် ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး လှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်တွေနဲ့ တံတာတွေ ပျက်စီးခဲ့ပါတယ်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကော့သောင်းမြို့ ပုလုံးတုံးတုံကျေးရွာ စွယ်တော်လမ်းရှိ နေအိမ်နဲ့ဂိုဒေါင်၊ တံတားတွေ ပြိုကျပျက်စီးခဲ့ပါတယ်။
ခရိုင်ရဲတပ်ဖွဲ့မှူး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး အဖွဲ့တို့က ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ နေအိမ်နဲ့ တံတာတွေ အပျက်အစီးတွေကို ရှင်းလင်းပေးပြီး ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
နေအိမ်နဲ့ တံတားတွေ ပြိုကျမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း၊ ဆုံရှုံးမှုတန်ဖိုး ကျပ်သိန်း ၄၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။
သတင်းဓာတ်ပုံ - လတ်ကိုကိုဦး











