လူပုံအလယ် ကလေးကို ရိုက်ပုတ်နှိပ်စက်သည့် မိခင် ဝေဖန်မှုမြင့်တက် (ရုပ်သံ)

တရုတ်နိုင်ငံမှာ မိခင်တဦးဟာ သူ့ရဲ့ကလေးဖြစ်သူကို လူပုံအလယ် ရိုက်ပုတ် နှိပ်စက်နေတဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့် တက်နေပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ ဂျီလင်းခရိုင်၊ ဟန်ချန်မြို့မှာ ရိုက်ကူးထားခဲ့တာလို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါအမျိုးသမီးဟာ ကလေးငယ်ရဲ့ မျက်နှာကို ထိုးနှက်ပြီး မြေပြင်ပေါ်ကို ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တာကို တွေ့ရပါတယ်။
ဘေးမှာရှိနေကြတဲ့သူတွေက သူ့ကို ဝေဖန်ပြစ်တင်ခဲ့ကြပြီး ခုလိုကြမ်းကြမ်းတမ်း တမ်း မရိုက်နှက်ဖို့ ပြောဆိုဖျောင်းဖျခဲ့ကြပါတယ်။
ဒါပေမယ့် အဲဒီအမျိုးသမီးဟာ ဂရုမစိုက်ဘဲ ကလေးငယ်ကို ဆက်လက်ရိုက်နှက် နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လူအုပ်စုထဲက တဦးဟာ မနေနိုင်တော့ပဲ သူ့ကို တားဆီးခဲ့တာ တွေ့ရပါတယ်။
အဆိုပါအမျိုးသမီးက သူဟာ ကလေးရဲ့ မိခင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်း ထားခဲ့တာလို့ ၀န်ခံပြောဆိုလိုက်ပါတယ်။
ဒေသတွင်း အမျိုးသမီးရေးရာ ဖက်ဒရေးရှင်းက မိခင်ဖြစ်သူအမျိုးသမီးကို ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူ့မှာ အမြဲတမ်းနေထိုင်တဲ့ နေရပ်လိပ်စာမရှိတဲ့အတွက် တွေ့ခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။
ဥပဒေပညာရှင်ရှေ့နေတွေကတော့ ခုလိုညှဉ်းပန်းနှိပ်စက်တာဟာ ဥပဒေကြောင်း အရ ပြစ်မှုမြောက်ပြီး ပြစ်ဒဏ်ကျခံရမယ်လို့ ပြောပါတယ်။











