DVB Logo
Home
မြန်မာသတင်း
သံပရာကန်ရေနံချက်စက်ရုံထုတ် ဒီဇယ်နှင့်ဂက်စ်များကို ရောင်းချပေးမည်
DVB
·
September 2, 2016
သံပရာကန်ရေနံချက်စက်ရုံထုတ် ဒီဇယ်နှင့်ဂက်စ်များကို ရောင်းချပေးမည်
Donate to DVB

ပြည်တွင်းထုတ် ဒီဇယ်ဆီနဲ့ နေအိမ်သုံးဂက်စ်တွေကို အခု စက်တင်ဘာလအတွင်းမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပထမဆုံးအကြိမ် လွတ်လပ်စွာ ရောင်းချပေးသွားမယ်လို့ မြန်မာ့ရေနံဓာတု လုပ်ငန်းက ကြေညာပါတယ်။

မကွေးတိုင်း မင်းလှမြို့နယ်ရှိ ရေနံဓာတုဗေဒစက်ရုံစု သံပရာကန်စက်ရုံက ထုတ်လုပ်တဲ့ ဒီဇယ်ဆီတွေကို တဂါလံ ကျပ် ၂၁၅၀ နှုန်းနဲ့ ရောင်းချမှာ ဖြစ်ပြီး ၀ယ်ယူလိုသူတွေအနေနဲ့ အနည်းဆုံး ဂါလန် ၃ သောင်း လက်ငင်းငွေချေစနစ်နဲ့ ၀ယ်ယူရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စီဂျီအို Cooker Gas Oil တွေကိုလည်း တစ်ဂါလံလျင် ကျပ် ၁၇၀၀ နှုန်းနဲ့ အနည်းဆုံး ဂါလန် တသိန်းဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ မကွေးတိုင်းချောက်မြို့နယ်မှာရှိတဲ့ အမှတ် ၂ ရေနံချက်စက်ရုံက ထုတ်လုပ်တဲ့ ဆီပြာ Blue Oil တွေကိုတော့ တစ်ဂါလန် ကျပ် ၁၅၀၀ နဲ့ ရောင်းချပေးမယ်လို့လည်းကြေညာထားပါတယ်။

မြန်မာ့ရေနံဓာတုလုပ်ငန်း တာဝန်ရှိသူတဦးက “လုပ်ငန်းလိုင်စင်ရှိသူတွေ လွတ်လပ်စွာ ၀ယ်ယူ နိုင်ပါတယ်။ ဒီစက်ရုံကထွက်တဲ့ ရေနံမီးသွေး၊ ဒီဇယ်နဲ့ စီဂျီအိုဝယ်လို့ရမယ်၊ ပြင်ပပေါက်ဈေး တွေနဲ့ဈေးညှိပြီးတော့ ရောင်းပေးတာပါ။ ခေတ်စနစ်နဲ့ လိုက်လျောညီထွေအောင် ပြင်ပဈေးနှုန်း ပြောင်းလဲတာတွေကိုလည်း အခြေခံတွက်ချက်ပြီးတော့ ရောင်းပေးတာ”လို့ ပြောပါတယ်။

ဝယ်ယူလိုသူတွေအနေနဲ့ နေပြည်တော်ရုံးချုပ်နဲ့ သံပရာကန် စက်ရုံတွေမှာ တိုက်ရိုက်ဆက်သွယ် လျှောက်ထား ၀ယ်ယူနိုင်မှာဖြစ်ပြီး လောင်စာဆီတွေကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သယ်ယူရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013