DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်မိခင်လောင်းများ စင်ကာပူမလာကြရန် မြန်မာသံရုံးသတိပေး
DVB
·
September 2, 2016
ကိုယ်ဝန်ဆောင်မိခင်လောင်းများ စင်ကာပူမလာကြရန် မြန်မာသံရုံးသတိပေး
Donate to DVB

မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအနေနဲ့ ဇီကာဗိုင်းရပ်ရောဂါ ကူးစက်ဖြစ်ပွားနေတဲ့ စင်ကာပူနိုင်ငံကို အခုရက်ပိုင်းအတွင်း မလာကြဖို့ စင်ကာပူရှိ မြန်မာသံရုံးက ဒီကနေ့အသိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာ ၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာသံရုံးရဲ့ စာထဲမှာ သြဂုတ် ၃၁ ရက်က စင်ကာပူရှိ မြန်မာနိုင်ငံသားတဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်။ သက်သာပြီး အနီးကပ် စောင့်ကြည့်နေတယ်။ လူနာရဲ့ သဘောတူညီမှု မရှိဘဲ သူ့ကိုယ်ရေးကိုယ်တာတွေ ထုတ်ပြောမှာ မဟုတ်ဘူးလို့ စင်ကာပူကျန်းမာရေးဌာနက အကြောင်းကြားလာတယ်လို့လည်း ဖော်ပြထားပါတယ်။

စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ဦးမင်းအောင်ခိုင်ကတော့ ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ ကျော်ထဲမှာ မြန်မာတဦးပဲပါပြီး စိုးရိမ်ထိတ်လန့်မှု သိပ်မရှိကြဘူးလို့ ပြောပါတယ်။

“စုစုပေါင်း ၁၁၅ ယောက်ထဲမှာ စင်ကာပူနိုင်ငံသားက ၅၈ ယောက်၊ ကျန်တဲ့ နိုင်ငံခြားသား ၅၇ ယောက်ထဲမှာမှ ဗမာက ၁ ယောက်ပဲပါတာ။ ဒီ ဗိုင်းရပ်စ်က အရမ်းကြီး စိုးရိမ်စရာ မလိုသလို ပေါ့လို့လည်း မရဘူး။ ရောဂါဖြစ်ပြီးတဲ့သူကို ကိုက်ပြီးတဲ့ ခြင်က တနေရာကို ပျံသွားပြီး နောက် တယောက်ကို ကိုက်လိုက်ရင် ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ခြင်ကလည်း သိပ်ပြီး အဝေးကြီး မပျံနိုင်ပါဘူး။ အဲ့ဒီအတွက် အဲ့ဒီဒေသနဲ့ မနီးတဲ့နေရာဆို ကိစ္စမရှိပါဘူး။”

စင်ကာပူကျွန်း အရှေ့ဘက်ခြမ်း ဂေလန်းဧရိယာမှာ အများဆုံး ဖြစ်ပွားတယ်လို့လည်း ပြောပါတယ်။

စင်ကာပူရှိ မြန်မာကလပ်ဥက္ကဋ္ဌ ဒေါက်တာမြတ်မော်ထွန်းက ဇီကာရောဂါနဲ့ပတ်သက်လို့ သိကောင်းစရာတွေကို တနင်္ဂနွေနေ့မှာ Peninsula Plaza မှာ ဟောပြောဖို့ အစီအစဉ်ရှိပါတယ်။

ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ မြန်မာနိုင်ငံသားတွေ အကူအညီလိုရင် သံရုံးရဲ့ အရေးပေါ်ဖုန်း ၈၂၄၆ ၈၅၈၁ သို့ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့လည်း သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်ကူးစက်ဖြစ်ပွားသူ စက်တင်ဘာ ၁ရက်နေ့ အထိ ၁၅၁ ဦးရှိသွားပြီလို့ စင်ကာပူကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013