DVB Logo
Home
မြန်မာသတင်း
ဘယ်တော့မှ လက်နက်ချလက်နက်စွန့်မည်မဟုတ်ဟု တအာင်းပလောင်တပ်ဖွဲ့ကြေညာ
DVB
·
September 2, 2016
ဘယ်တော့မှ လက်နက်ချလက်နက်စွန့်မည်မဟုတ်ဟု တအာင်းပလောင်တပ်ဖွဲ့ကြေညာ
Donate to DVB

လက်နက်ချတာနဲ့ လက်နက်စွန့်တာတာတွေကို ဘယ်တော့မှ ပြုလုပ်မှာမဟုတ်ဘူးလို့ အစိုးရနဲ့ အပစ်မရပ်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF/TNLAက ထုတ်ပြန်လိုက်ပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်စွဲနဲ့ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားတာဖြစ်ပြီး တအာင်း အနေနဲ့ ဘယ်အချိန် ဘယ်အခြေအနေမှာမှ လက်နက်ချခြင်း၊ လက်နက်စွန့်ခြင်း ပြုလုပ်မှာမဟုတ်သလို တအာင်းလူမျိုးတို့ရဲ့ နိုင်ငံရေးလုံခြုံမှု၊ နယ်မြေလုံခြုံမှု၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းလုံခြုံမှု၊ ဖွံ့ဖြိုးရေးလုံခြုံမှု၊ စီးပွားရေးလုံခြုံမှုတို့အတွက် အခိုင်အမာရပ်တည် ကာကွယ်သွားမယ်လို့ ပေးစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ပြည်နယ် ၇ ခု တိုင်း ၇ ခုအခြေခံမူကို လက်မခံနိုင်ဘဲ အမျိုးသားကိုယ်စားပြုမှုကိုအခြေခံတဲ့ ပြည်နယ်သစ်ဖွဲ့စည်းသင့်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၁ ရာစုပင်လုံညီလာခံမှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲပြီး တိုက်ပွဲတွေလုံး ၀ရပ်တံ့စေဖို့ ဆွေးနွေးအဖြေရှာသင့်တယ်လို့လည်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ပြောခွင့်ရသူ တာ့ဘုန်းကျော်က တိုက်တွန်းလိုက်ပါတယ်။

“အဓိက ကျနော်တို့ထောက်ပြချင်တာကတော့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ ရပ်စဲဖို့ဖြစ်ပါတယ်။ တိုက်ပွဲတွေ ရပ်စဲသွားမှ တကယ့်ငြိမ်းချမ်းသွားမှ တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတဲ့ဟာ၊ တိုက်ပွဲကိုရပ်စဲဖို့ကလည်း အဓိကကနိုင်ငံရေး သဘောတူချက်တွေရအောင် ဆွေးနွေးနိုင်ဖို့ လမ်းကြောင်းတွေ ဖန်တီးဖို့လိုပါတယ်၊ တကယ်စစ်မှန်တဲ့ ဘုံနိုင်ငံရေး သဘောတူချက်တွေ ထွက်နိုင်ဖို့ ဆွေးနွေးတဲ့ အဆင့်ဖြစ်ဖို့ လိုပါတယ်၊ ဆွေးနွေးတဲ့ခါမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အကုန်လုံးပါဝင်သင့်တယ်။”

သူတို့အနေနဲ့ ၂၁ ရာစုပင်လုံညီလာခံကို တခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ တက်ရောက်လို ပေမယ့် လက်နက်စွန့်မယ်ဆိုတဲ့သဘောကိုဆောင်တဲ့ ကတိက၀တ်ပါ ထုတ်ပြန်ချက်ကို မထုတ်နိုင်တဲ့အတွက် ပါဝင်တက်ရောက်ခွင့်မရတာလို့ ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အခါမျိုးမှာ လက်နက်စွဲကိုင်ပြီး လိုချင်တာကိုတောင်းဆိုနေတာ၊ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲဒေသစွဲကြီးမားစွာနဲ့ မိမိတို့ရဲ့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်ဖန်တီးနေတာမျိုးဟာ ဒီမိုကရေစီရဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲမိန့်ခွန်းမှာ ပြောပါတယ်။

တအာင်းပလောင်တိုင်းရင်းသားတွေ မြန်မာနိုင်ငံမှာ လူဦးရေ ဆယ်သိန်းကျော်နေထိုင်နေကြပြီး ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တအာင်းလက်နက်ကိုင်အဖွဲ့အင်အား တပ်ရင်း ၂၇ ရင်းနဲ့ စုစည်းထားတဲ့ တပ်မဟာကြီး ၅ ခုရှိတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013