DVB Logo
Home
မြန်မာသတင်း
၎ လောင်းပြိုင်လူသတ်မှုနှင့် ဖေ့စ်ဘွတ်ခ်ပေါ်က ကောလာဟလများ ရဲတပ်ဖွဲ့ ရှင်းလင်း
DVB
·
September 2, 2016
၎ လောင်းပြိုင်လူသတ်မှုနှင့် ဖေ့စ်ဘွတ်ခ်ပေါ်က ကောလာဟလများ ရဲတပ်ဖွဲ့ ရှင်းလင်း
Donate to DVB

မင်္ဂလာဒုံမြို့နယ်က လေးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပြည်သူတွေ ထင်ယောင်ထင်မှားဖြစ်ပေါ်အောင် လုပ်နေတဲ့သတင်းတွေဟာ ကောလာဟလတွေသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးက ရဲမှူးလှဝေက ဒီဗွီဘီကို ပြောပါတယ်။

လေးလောင်းပြိုင်လူသတ်မှုသတင်းဟာ ပြည်သူတွေကြား အင်မတန်မှစိတ်ဝင်စားပြီး စောင့်ကြည့်နေကြတဲ့ သတင်းတစ်ခုဖြစ်ပါတယ်။

ဒီလိုအားလုံးစိတ်ဝင်စားမှုရှိနေတဲ့ သတင်းနဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေမှာ အမျိုးမျိုးရေးသားဖော်ပြမှုတွေ ရှိလာပါတယ်။

ဒါတွေနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သြဂုတ်လ ၂၉ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မကြာသေးမီက ဖေ့စ်ဘွတ်ခ်လူမှုစာမျက်နှာတွေပေါ်မှာ ပျံ့နှံလာတဲ့ အမျိုးသား ၇ ဦး ဓာတ်ပုံနဲ့ မသင်္ကာဖွယ်တဦးကို ဖမ်းဆီးရမိတာနဲ့ပတ်သက်ပြီးလည်း သတင်းမှားတွေဖြစ်ပြီး လူမှုကွန်ရက်ပေါ်က လူ ၇ ဦးကလည်း လှိုင်သာယာမြို့နယ်က ခြေချုပ်ခံဝန်နဲ့ သွားလာနေသူတွေဖြစ်တယ်လို့ အစိုးရသတင်းစာတစ်စောင်မှာ ရန်ကန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက ပြန်လည်ရှင်းလင်းထားပါတယ်။

လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး သေဆုံးသူ မချယ်ရီပွင့် ဖုန်းထဲက အမျိုးသား ၃ ဦးဟာ ဘယ်သူဘယ်ဝါ အတိအကျမသိရသေးဘဲ ဓာတ်ပုံပါအမျိုးသား ၃ ဦးနဲ့ ပတ်သက်ပြီး သတင်း တစုံတရာရရှိရင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးက ၁၉၉ ကို ဆက်သွယ်သတင်းပေးဖို့အတွက်ကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုစာမျက်နှာဖြစ်တဲ့ Yangon Police မှာ ရေးသားဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
၎ လောင်းပြိုင်လူသတ်မှုနှင့် ဖေ့စ်ဘွတ်ခ်ပေါ်က ကောလာဟလများ ရဲတပ်ဖွဲ့ ရှင်းလင်း