DVB Logo
Home
မြန်မာသတင်း
နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မြန်မာပြည်ကိုလာမည်
DVB
·
September 2, 2016
နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မြန်မာပြည်ကိုလာမည်
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း နိုဘယ်ဆုရှင် မစ္စတာ ကိုဖီအာနန်ဟာ ခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိနေတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက စုံစမ်းသိရပါတယ်။

မြန်မာနိုင်ငံခြားရေးဌာနက ဒုညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက “ကျနော်တို့ အခု ခရီးစဉ် စီစဉ်နေတုန်းပဲ အကြမ်းဖျဉ်းတော့ စက်တင်ဘာ ၃ ရက်နေ့လောက်ရောက်မယ်။ ၃ ရက်နေ ၉ ရက်အထိ မြန်မာနိုင်ငံမှာနေမယ်လို့ အကြမ်းဖျဉ်းသိထားပါတယ်။ ရခိုင်ပြည်နယ်ကိုသွားဖို့ လျာတော့ လျာထားတယ်၊ ဒါပေမယ့် ဘယ်ရက်ဆိုတာတော့ အတည်မဖြစ်သေးပါဘူး။ သွားရင်တော့ စစ်တွေပဲသွားဖြစ်မှာပါ။ ဒါပေမယ့်ကျနော်တို့ ဆောင်ရွက်နေတုန်းပဲရှိသေးတယ်။”လို့ ဒီဗွီဘီကိုပြောပါတယ်။

မစ္စတာ ကိုဖီအာနန်ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိ တယ်လို့လည်းပြောပါတယ်။

မစ္စတာ ကိုဖီအာနန်ကတော့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊သင့်မြတ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးတိုးမြှင့်ဖို့ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုကို ကူညီပံ့ပိုးပေးရတာ အားရကျေနပ်မိတဲ့အကြောင်းနဲ့ ရခိုင် ခေါင်းဆောင်တွေနဲ့ ရခိုင်ပြည်သူတွေပြောတာကိုနားထောင်ပြီး အားလုံးအတွက် ပိုမိုလုံခြုံ ချမ်းသာတဲ့ အနာဂတ်ဖြစ်စေဖို့ ပြည်နယ်အစိုးရနဲ့ရော ဗဟိုအစိုးရနဲ့ပါ အတူတကွ လုပ်ကိုင် ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

မစ္စတာကိုဖီအာနန် ဥက္ကဋ္ဌ အဖြစ်ခေါင်းဆောင်တဲ့ ၉ ဦးပါ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကို အစိုးရက သြဂုတ် ၂၄ ရက်မှာ ဖွဲ့စည်းတာဝန်ပေးထားတာဖြစ်ပြီး ဒီကော်မရှင်မှာ ကိုဖီအာနန် အပါအ၀င် နိုင်ငံခြားသား ၃ ဦးပါဝင်နေတာနဲ့ ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။

ရခိုင်အမျိုးသားပါတီက ဒီကော်မရှင်ကို လုံးဝ အယုံအကြည်မရှိတဲ့အကြောင်းနဲ့ ဖျက်သိမ်းပေးဖို့ လည်း တောင်းဆိုထားပါတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကလည်း ဒီကော်မရှင် ဖွဲ့စည်းတဲ့ကိစ္စကို အမျိုးသားရေးအသိ၊ လုံခြုံရေးသတိနဲ့ စောင့်ကြည့်နေတယ်လို့ သဘောထား ထုတ်ပြန်ထား ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်မှာလည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်မှာ နိုင်ငံခြားသား သုံးဦး ပါဝင်မှုဟာပြည်တွင်းရေးပြဿနာ ကို နိုင်ငံတကာ ပြဿနာမဖြစ်အောင် ဖန်တီးရာရောက်လို့ ပြည်တွင်းက ပညာရှင်တွေနဲ့သာဖွဲ့စည်းဖို့ အစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆို တင်သွင်းခဲ့ပြီး ဆက်လက်ဆွေးနွေးကြဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013