DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ၂ လကျော်ကြာချိန်အထိ ၀မ်းပျက်ဝမ်းလျှောရောဂါ မနှိမ်နင်းနိုင်သေး
DVB
·
September 2, 2016
ပြည်မြို့တွင် ၂ လကျော်ကြာချိန်အထိ ၀မ်းပျက်ဝမ်းလျှောရောဂါ မနှိမ်နင်းနိုင်သေး
Donate to DVB

ပြည်မြို့မှာ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါ  ၂ လကျော်ကြာတဲ့အချိန်ထိ မနှိမ်နင်းနိုင်တာကြောင့် ဒုတိယအကြိမ်အဖြစ် မုန့်ဟင်းခါးဖိုတွေနဲ့ ခေါက်ဆွဲစက်တွေကို ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက ယာယီပိတ်သိမ်းခိုင်းထားပါတယ်။

ပြည်မြို့ရေမကြီးခင်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်း လျှောရောဂါဟာ လက်ရှိအချိန်ထိ ကင်းစင်မှုမရှိသေးတဲ့အပြင်  ပထမတွေ့တဲ့ရောဂါပိုးတင်မက နောက်ထပ်ပိုး အသစ်တမျိုးပါ ထပ်မံတွေ့ရတာကြောင့် သြဂုတ်လ ၃၁ ရက်နေ့ကစပြီး ပြည်မြို့က မုံဟင်းခါးဖိုတွေနဲ့ ခေါက်ဆွဲစက်တွေကို ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ယာယီပိတ်သိမ်းမိန့် ထုတ်လိုက်တာပါ။

“ရောဂါဖြစ်သူတယောက် ဆေးရုံလာတက်တယ်။ အဲဒါနဲ့ Lab ကိုပို့ပြီး စစ်တော့ ပိုးအသစ်တမျိုးတွေ့တယ်၊ အရင်ကတွေ့တဲ့ပိုးနဲ့မတူဘူး။ အဲဒီကျန်းမာရေးဋ္ဌာနရဲ့ မှတ်ချက်အရ အခုလိုလုပ်ရတာပါ။” လို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းက ပြောပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဋ္ဌာန (ရန်ကုန်မြို့)ရဲ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ဒုတိယအကြိမ် ကူးစက်မြန်ပြင်းထန် ၀မ်းပျက်ဝမ်းလျှောရောဂါပိုး တွေ့ရှိကြောင်း တရားဝင် ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့မှာလည်း  မုန့်ဟင်းခါးဖို ၈ ဖိုမှာ ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ယာယီပိတ်သိမ်းဖို့တရားဝင်စာထွက်ခဲ့တဲ့အပြင် ခေါက်ဆွဲစက်တွေပါ ပိတ်ခိုင်ထားတာကို တွေ့ရပါတယ်။

“ကျမတို့အနစ်နာခံလုပ်ပေမယ့် တိတိကျကျတော့ လုပ်စေချင်ပါတယ်၊၊ လူအများစု ကိစ္စ ဖြစ်တာမို့ လူနည်းစုကိစ္စကတော့ အနစ်နာခံရမှာပဲ။ ဆေးဝါးအင်မတန်ကောင်းလို့သာ ဆေးဝါးသာ မကောင်းရင် လူအများစုခံမှာ နစ်နာမှာပဲ”လို့ ဇာမဏီခေါက်ဆွဲစက်မှ ဒေါ်စန်းနွဲ့က ပြောပါတယ်။

ရောဂါစဖြစ်စဉ်ကနေ အခုချိန် သြဂုတ်လ ၃၁ ရက်နေ့ထိ ရောဂါဖြစ်ပွားသူ ၂၀၂ ယောက်ရှိသွားပါပြီ။ ပထမဆုံးရောဂါဖြစ်ပွားတဲ့နေရာက ပြည်မြို့နယ်၊ ချောင်းနားတန်းကျေးရွာက မုန့်ဟင်းခါးစက်က အသုံးပြုတဲ့ရေမှာ ရောဂါပိုးတွေ့ခဲ့တာပါ။

ပြည်မြို့ရေကြီးစဉ်တုန်းကတော့ ရောဂါဖြစ်ပွားသူ တန့်သွားခဲ့ပါတယ်။ အခုတခါထပ်မံ တွေ့ရှိခဲ့တာဖြစ်ပြီး၊ မုန့်ဟင်းခါးဖိုတွေနဲ့ ခေါက်ဆွဲစက်တွေ ယာယီပိတ်သိမ်း ခိုင်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013