DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းမိ၊ ရဲတပ်ကြပ်ကြီး ပါဝင်ပတ်သက်နေ
DVB
·
September 2, 2016
မောင်တောမြို့ပေါ်တွင်  စိတ်ကြွဆေးပြားများ ဖမ်းမိ၊ ရဲတပ်ကြပ်ကြီး ပါဝင်ပတ်သက်နေ
1 / 4
Donate to DVB

မောင်တောမြို့ပေါ်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ညပိုင်းက WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား သုံးသိန်းနီးပါးကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စက်တင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ၄၄၀၀၀၀ ကျော်ကို ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက ဒီဗွီဘီကို ပြောပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်ကြောင်း သတင်းရတဲ့အတွက် ဩဂုတ်လ ၃၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှာ မောင်တောမြို့မ ရဲစခန်းက တပ်ဖွဲ့ဝင်တွေ လှည့်ကင်းနဲ့ လှည့်လည်ပြီး မော်တော်ယာဉ် တွေကို စစ်ဆေးနေချိန်မှာ Surf အမျိုးအစား အနက်ရောင် ကားတစီးဟာ နောက်ပြန်လှည့်ပြီး ထွက်ပြေးတာမှာ ဦးဥတ္တမလမ်းနဲ့ မင်းဗာကြီးလမ်းထောင့်က အလှဆင်မီးတိုင်ကို တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။ အဲ့ဒီကားကို ရှာဖွေစစ်ဆေးတဲ့အခါ စောထွန်းအောင် ခေါ် ဘုဘု နဲ့ မောင်တောမြို့မစခန်းက ရဲတပ်ကြပ်ကြီးထွန်းသိန်းတို့ကို တွေ့ရပြီး ကားပေါ်မှာ ဂုန်နီအိပ်နဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကိုပါ တွေ့ရလို့ မြို့မစခန်းမှာ ဖွင့်ဖောက်စစ်ဆေးတဲ့အခါ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၂၉၂၅၀) ဒေသပေါက်ဈေး ၅၈၅၀၀၀၀၀၀ (သိန်းငါးထောင့် ရှစ်ရာကျော်) တန်ဖိုးကို ဖမ်းဆီးရမိခဲ့တာပါ။

သူတို့ကို စစ်ဆေးချက်အရ မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ လသာအထက်ရွာကို ပို့ပေးရမှာဖြစ်တယ်လို့ ဖော်ထုတ်တဲ့အတွက် အဲ့ဒီရွာက မူးယစ်သတင်း ကျော်စောတဲ့ နေအိမ်တွေကို စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှ ရှာဖွေတဲ့အခါ အူဆောင်းနာလီရဲ့ နေအိမ်အတွင်းမှာ အဝါရောင် ပီနံအိတ် ၂ ထုပ်ကို တွေ့တဲ့အတွက် သက်သေတွေနဲ့အတူ ဖွင့်ဖောက် စစ်ဆေးခဲ့ပါတယ်။ အိတ်ထဲကWY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၄၅၅၀၀) ဒေသတန်ဖိုး ကျပ်သိန်း ၈၉၁၀၀၀၀၀၀ (သိန်းရှစ်ထောင့် ကိုးရာကျော်ဖိုး) ကို ဖမ်းဆီးရမိခဲ့ပေမယ့် နေအိမ်မှာတော့ လူတယောက်မှ မရှိပါဘူး။

“မနေ့က ဖမ်းမိတဲ့ တရားခံတွေရဲ့ အစစ်ခံချက်အရ ဆက်စပ်တရားခံတွေကို စုံစမ်းဖမ်းဆီးတာပါ။ ကားပေါ်မှာ ဆေးပြားနဲ့အတူ တွေ့ရတဲ့ ရဲတပ်ဖွဲ့ဝင်ကိုတော့ ရဲစည်းကမ်းအရကော မူးယစ် ဥပဒေအရပါ အရေးယူသွားမှာပါ။ လသာရွာမှာ မိတာကတော့ နယ်ခြားစောင့်ရဲ အပိုင်ဖြစ်လို့ ပြင်ဖြူနယ်မြေရဲစခန်းမှာ ကျွန်တော့်စခန်းမှူး.ဒုရဲမှူး ကျော်အေးလှိုင်က တရားလိုလုပ်ပြီး အမှုဖွင့်ရမှာ ဖြစ်ပါတယ်”လို့ ဒုရဲမှူးကြီး ဉာဏ်ဝင်းဦးက ပြောပါတယ်။

မောင်တောမြို့နယ်မှာ ဩဂုတ်လ အတွင်းကလည်း WY စိတ်ကြွ မူးယစ်ဆေး ကျပ်သိန်း ၇၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါသေးတယ်။

သတင်း - ကိုအောင်၊ ဓာတ်ပုံ - မောင်တောခရိုင်ရဲတပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013