DVB Logo
Home
မြန်မာသတင်း
ညီလာခံကနေ ထွက်ခွာခဲ့ရသဖြင့် စိတ်မကောင်းဖြစ်ရဟု "ဝ" တပ်ဖွဲ့ပြောကြား
DVB
·
September 2, 2016
ညီလာခံကနေ ထွက်ခွာခဲ့ရသဖြင့် စိတ်မကောင်းဖြစ်ရဟု "ဝ" တပ်ဖွဲ့ပြောကြား
Donate to DVB

၂၁ရာစုပင်လုံ ညီလာခံကနေ ထွက်ခွာခဲ့ရတာ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ညီလာခံ တက်ရောက်ခဲ့တဲ့ 'ဝ' ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးစံလော့က ဒီဗွီဘီကို ပြောပါတယ်။

နှစ်ဖက်ခေါင်းဆောင်တွေ ဆက်လက်ညှိနှိုင်းပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်းလည်း ပြောပါတယ်။

သူတို့အနေနဲ့ ပန်ဆိုင်းကနေ ထွက်လာကတည်းက ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆက်သွယ်ခဲ့တာ ဖြစ်ပြီး ၀င်ခွင့်ကတ်ပြား ထုတ်ယူတာကအစ နေရာထိုင်ခင်းစီစဉ်မှုမှာ အဆင်မပြေမှုတွေ တွေ့ခဲ့ရပြီး ခွဲခြားဆက်ဆံခံရတယ်လို့ ယူဆတာကြောင့် အထက်ကိုတင်ပြပြီး ပြန်သွားခဲ့ကြတာလို့လည်း ပြောပါတယ်။

အခုလို ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာတာဟာလည်း ကြိုဆိုထောက်ခံပြီး အကောင်းဘက်ကို မျှော်လင့်လို့ တက်ရောက်တာဖြစ်ကြောင်းပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့ထဲမှာ အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်တဲ့ ''ဝ'' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ညီလာခံမှာ စာတမ်းတင်သွင်း ဖတ်ကြားခြင်းမပြုဘဲ အစည်းအဝေးကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန ဒု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို နည်းပညာပိုင်းလွဲမှာမှုဖြစ်တယ်လို့ ရှင်းလင်းပြောပါတယ်။

''ဒီကနေ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျွန် တော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဖြစ်စဉ်အစအဆုံး သတင်းပို့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတာက ဒါကို ဖြစ်စဉ်အမှန်အတိုင်း ရှင်းပြပေးပါ။ ဖြစ်တတ်တဲ့အရာတွေပါ။ နည်းပညာ လွဲမှားမှုတွေတော့ ရှိတတ်ပါတယ်။ အဲ့ဒီအတွက်နဲ့တော့ သွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထိခိုက်အောင် ဆောင်ရွက်သွားဖို့ ပြောပါတယ်။ အလားတူမျိုး မိုင်းလားလည်း ဖြစ်ပါတယ်''

ညီလာခံကျင်းပရေးတာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း ''ဝ''တပ်ဖွဲ့အပေါ် ခွဲကြားဆက်ဆံခဲ့ခြင်းမရှိဘူးလို့ မီဒီယာတွေကို ရှင်းလင်းပြောပါတယ်။

''သူတို့ကို ကျွန်တော်တို့ တရားဝင်ဖိတ်တာပါ။ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး အားကစားရွာမှာ တည်းဖို့သဘောတူ ထားပါတယ်။ သူတို့အဖွဲ့က အားကစား ရွာမှာမတည်းဘဲ ဟိုတယ်မှာတည်းတော့ ဝင်ခွင့်လည်ဆွဲတွေကို ဝန်ထမ်းတွေက ဘယ်မှာ ပေးရမလဲ မသိဖြစ်နေတယ်။ မနက်ပိုင်း သူတို့လာတော့ ဒီမှာရှိတဲ့ သူတွေက ညနေ အစားထိုးလဲပေးပါ မယ်ဆိုပြီး လေ့လာသူကတ်တွေ ယာယီ ထုတ်ပေးပါတယ်။ ဝန်ထမ်းတွေက ဘယ် သူက ဘာလည်ဆွဲ ဆွဲတယ်ဆိုတာသာ ကြည့်ပြီးတော့ ဆောင်ရွက်တော့ ''ဝ'' ညီနောင်တွေက ခွဲခြားဆက်ဆံခြင်း ဆိုတဲ့ခံစားချက်မျိုးထားပြီး ပြန်သွား တာပါ။ ကျွန်တော်တို့ ကျင်းပရေးကော်မ တီက သိတဲ့အခါ အတတ်နိုင်ဆုံးလိုက် ပြီး ဆောင်ရွက်ပါတယ်။ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ အဖွဲ့အစည်းအရခွဲခြား ခြင်း လုံးဝမရှိပါဘူး။ စေတနာ့ဝန်ထမ်းတွေ ဆောင်ရွက်တာ နည်းပညာကြောင့်သာ ဖြစ်ပါတယ်။ မိုင်းလားအဖွဲ့ကိုလည်း ညနေမှာ လည်ဆွဲတွေ သွားရောက် ပေးခဲ့ပါတယ်။''

ဒီကိစ္စနဲ့ ပတ်သက်ပြီး ၁ဝ ဦး ကော်မတီအစည်းအဝေးထိုင်ပြီး ဆက်လက် ဖြေရှင်းလုပ်ဆောင်ဖို့ အစီစဉ်ရှိနေပါတယ်။

''ဝ''အဖွဲ့ကကိုယ်စားလှယ်တွေ ညီလာခံမတက်တော့ပေမယ့် ညီလာခံမှာ တင်သွင်းမယ့် မူနှင့် မူဝါဒဆိုင်ရာစာအုပ်အားကိုတော့ ပေးအပ်သွားပြီး ညီလာခံကျင်းပရေး ကော်မတီကလည်း ညီလာခံ မှာ ဆွေးနွေးတင်သွင်းလာတဲ့ အခြား စာတမ်းတွေလိုပဲ မှတ်တမ်းထားရှိဖို့ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013