DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ
DVB
·
September 2, 2016
၂၁ ရာစုပင်လုံညီလာခံ တတိယနေ့ ဆက်လက်ကျင်းပ
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံကို ဒီကနေ့မှာ တတိယနေ့အဖြစ် ဆက်လက် ကျင်းပနေပါတယ်။ နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပနေတဲ့ ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေ၊ ပြည်တွင်းပြည်ပဧည့်သည်တော်တွေ တက်ရောက်နေပါတယ်။

ညီလာခံကို ပြည်တွင်းပြည်ပ သတင်းမီဒီသမား ၂၀၀ ကျော်လည်း သတင်း တက်ရောက်ရယူနေကြပါတယ်။

ညီလာခံ ပထမနေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီတို့က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က အဖွင့်မိန့်ခွန်း အသီးသီး ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မျိုးမှာ လက်နက်စွဲကိုင်ပြီး လိုချင်တာကို တောင်းဆိုနေတာ လက်နက်ကိုင်လမ်းစဉ်ကို ဖက်တွယ်ပြီး လူမျိုးစွဲ ဒေသစွဲနဲ့ မိမိတို့ဆန္ဒကိုသာ ဦးစားပေးဖော်ဆောင်ဖန်းတီးနေတာမျိုးဟာ ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးခဲ့ပါတယ်။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကတော့ တနိုင်ငံလုံး အပစ်ရပ်စဲရေးစာချူပ်မှာ လက်မှတ်ရေးထိုးဖို့ အစိုးရကို အချက် ၈ ချက်တောင်းဆို ထားပါတယ်။

ဒုတိယ နေ့မှာ UWSA ၀ ပြည်နယ် သွေးစည်းညီညွှတ်ရေး တပ်မတော်က ကိုယ်စားလှယ်အဖွဲ့က ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားခံသူရသူတွေကြားမှာ တန်းတူညီမျမှု မရှိတာကြောင့်ဆိုပြီး အစည်းအဝေးကို ကျောခိုင်းထွက်ခွာသွားပါတယ်။

ညီလာခံကျင်းပရေး ကော်မတီဝင်တွေကတော့ အခု ကိစ္စဟာနားလည်မှု လွဲတာသာဖြစ်ပြီး သူတို့ အနေနဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနည်းတူ စီစဉ်ပေးထားတယ်လို့ ကော်မတီဝင် ဒေါက်တာဆလိုင်းလျှံမှုန်းဆာခေါင်းက ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံကို စက်တင်ဘာ ၄ ရက်ထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013